Skip to main content

Su Phone Mo

အလေ့အကျင့်နဲ့ မလုပ်ပါနဲ့—အကြောင်းအရင်းနဲ့ လုပ်ပါ။
Musonius Rufus က ပြောခဲ့သလို အများစုက အခြေအနေတွေကို အမှန်တရားမလိုက်ဘဲ အလေ့အကျင့်ဆိုးတွေကိုသာ လိုက်နာတတ်ကြတယ်။
ကိုယ့်ဟာကို ပြန်မေးကြည့်ပေါ့။
ဒီအရာကို ဘာကြောင့် ဒီလိုလုပ်နေတာလဲ?
အလေ့အကျင့်ကြောင့်သာ လုပ်နေတာလား? ဒါမှမဟုတ် အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်လို့ လုပ်နေတာလား?

ဒါက သိဖို့သိပ်အရေးကြီးတယ်။

အလေ့အကျင့်ဖြစ်နေလို့သာလုပ်နေတာဆိုရင်..
မချစ်တော့ပဲတွဲနေတဲ့ အတွဲနဲ့တူတယ်။
အလေ့အကျင့်ဖြစ်လို့သာ ပုံမှန်လုပ်နေတဲ့ အလုပ်တွေလုပ်ပေးနေတာ။

အဓိပ္ပာယ်လည်းမရှိ။
လူလည်း ငြီးငွေ့။
ခရီးလည်းမရောက်နဲ့….

ဒါကြောင့် အကြောင်းအရင်းနဲ့ လုပ်ပါ။ အလေ့အကျင့် ကြောင့်မလုပ်ပါနဲ့။
________
Don’t act out of habit—act with purpose.
As Musonius Rufus said, most people follow bad habits rather than the truth.

Take a moment to reflect:
Why are you doing this?
Is it simply out of habit, or do you truly believe it’s the best way?

It’s crucial to know the difference.

If it’s just a habit…
It’s like staying in a relationship you no longer love,
or doing routine tasks just because.

It lacks meaning.
It drains you.
And it leads nowhere.

So, act with purpose. Don’t act out of habit.

#Musoniusrufus #Selfreflection
#Suphonemo#Curiousinsighter

Leave a Reply