Skip to main content

Su Phone Mo

Atomic Habit မှာဖော်ပြသလို တနေ့ကို ၁ရာခိုင်နှုန်းပဲ တိုးတက်အောင် လုပ်ပါတဲ့။ တစ်နှစ်မှာ ၃၇.၇၈ ဆ လောက် တိုးတက်မယ်တဲ့။
တိုးတက်မှုဆိုတာ ပုံထဲ မှာ ဖော်ပြထားသလို ထင်သလို Linear Growth လို တိုးတက်တာမျိုးမဟုတ်ဘူး။
Compound Growth လိုမျိုးတိုးတက်တာမျိုးဖြစ်တယ်။
ပြောချင်တာက.. မနေ့က သင်ထားတဲ့ သင်ခန်းစာ က ဒီနေ့ တိုးတက်မှုနဲ့ မဆိုင်တာမဟုတ်ဘူး။
အသိတွေ၊ သင်ယူမှုတွေက ပေါင်းစပ်ပြီးတော့ ပိုတော်ပိုတတ်လာတာမျိုးဖြစ်တဲ့အတွက်
ကောင်းမွန်တဲ့ Habit တွေ တည်ဆောက်ပြီး မနေ့ကထပ် ဒီနေ့ (၁)ရာခိုင်နှုန်းလောက်တော့ တိုးတက်အောင် သင်ယူပါ။
____________
ဒါနဲ့ဟာသ ရော၊ ဗဟုသုတ အနေ နဲ့ ပါ ၁နှစ် မှာ နေ့တိုင်း ၁ရာခိုင်နှုန်းတိုးတက်အောင် လုပ်ဖို့ဆိုရင် တချို့လူတွေက ၃၆၅ ရာခိုင်နှုန်း တိုးတက်မှာမဟုတ်ဘူးလားလို့ ထင်ကြတယ်။
တကယ်တော့ Formula က
Future Value=Initial Value×(1+Rate)𝓃
ရလာမဲ့ရလဒ် = အစပြုတဲ့ ကိုယ့်အခြေအနေ x (1 + 0.01) (နှိုင်းယှဉ်မဲ့ရက်။ ၁နှစ်အတွက် တိုးတက်မှုကိုရှာမယ်ဆို ၃၆၅ ပေါ့။)
အစမှာ 1,000 ရှိပြီး၊ တစ်နေ့ကို 1% တိုးချင်ရင်
Future Value=1000×(1+0.01)365
အဲမှာမှ တဖြောင့်ထဲ သင်ယူမယ် ၁နေ့ကို ၁ရာခိုင်နှုန်းပဲတိုးတက်မယ်။ တိုးတက်ထားတဲ့ ရာခိုင်နှုန်းတွေ မပေါင်းပဲ Linear Formula နဲ့တွက်မယ်ဆို…
1+(0.01×365)=4.65
4.65 ဆ ပဲ (၁)နှစ်လုံးနေမှ တိုးတက်လာတာမျိုးပဲဖြစ်မှာပါ။
FYI.

As “Atomic Habits” suggests, aim to improve by 1% each day—that’s a 37.78 times increase in a year. Growth isn’t linear, as shown in the picture; it’s compound growth. What I mean is, the lesson you learned yesterday isn’t isolated from your progress today. Knowledge and skills build on each other, becoming increasingly refined. So, focus on building good habits and strive to improve by 1% every day.
____________
In both comedy and knowledge, if you aim to improve by 1% every day for a year, some might think this results in a 365% increase. However, the actual formula is:
Future Value=Initial Value×(1+Rate) n

Thus, the result = starting value × (1 + 0.01)^(days of growth). If you want to calculate the increase over 1 year, that’s 365 days.

For example, if you start with 1,000 and aim to grow by 1% each day, the calculation would be:
Future Value=1000×(1+0.01) 365

This shows that the increase is compounding at 1% per day. If, instead of compounding, you calculate using a simple linear formula:
1+(0.01×365)=4.65

the growth over the year would only be 4.65 times, showing the difference between compound and linear growth.

#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur

Leave a Reply