Skip to main content

Su Phone Mo

အမြဲ evolve ဖြစ်နေတယ်။

Identity ဆိုတာ မတည်မြဲဘူး။

အမြဲ evolve ဖြစ်နေတယ်။

လူတွေ identity crisis ဖြစ်တာ —

ကိုယ်ဘယ်သူလဲဆိုတာ မသိလို့ မဟုတ်ဘူး။

ပုံသေကားချပ် တစ်မျိုးတည်း မှတ်ထားကြလို့။

ဂရိ philosopher Heraclitus ပြောဖူးတာက —

“You cannot step into the same river twice.”

မြစ်က တစ်ခုတည်း ဖြစ်ပေမဲ့ ရေတွေက အမြဲ စီးဆင်းပြောင်းလဲနေတယ်။

Identity လည်း အဲ့ဒီအတိုင်းပဲ။

“ငါ” ဆိုတဲ့ label က တစ်ခုတည်း။

ဒါပေမဲ့ အဲ့ဒီ label ထဲမှာ ဘာတွေရှိနေလဲဆိုတာက

နေ့တိုင်း မတူဘူး။

Psychology မှာ ဒါကို Narrative Identity လို့ ခေါ်တယ်။

လူဆိုတာ ကိုယ့်အကြောင်းကိုယ် story တစ်ခုအနေနဲ့ အမြဲပြန်ရေးနေတတ်တဲ့ သတ္တဝါမျိုး။

Fixed Identity Mindset နဲ့ နေထိုင်မိနေရင် ဒီလို script မျိုး ကိုယ့်ကိုယ်ကိုယ် ပြောနေမိတတ်တယ်။

“ငါက introvert ဆိုတော့ public speaking လုပ်လို့မရဘူး။”

“ငါက creative မဖြစ်ဘူး။”

“ငါ့အကြောင်း ငါ အသိဆုံး။”

Evolving Identity Mindset နဲ့ဆို…

“ငါက public speaking လေ့ကျင့်နေဆဲ လူတစ်ယောက်။”

“ငါက creativity ကို develop လုပ်နေတဲ့ လူတစ်ယောက်။”

“ငါ့အကြောင်း ငါ update လုပ်နေတာ။”

ကွာသွားတာက result မဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုယ် describe လုပ်တဲ့ ဘာသာစကား။

“ငါ တကယ် ဘယ်သူလဲ?”

ဒါက အဖြေမရှိတဲ့ မေးခွန်း။ ရှာလေလေ လမ်းပျောက်လေလေပဲ။

တကယ်ပြောင်းမေးသင့်တဲ့ မေးခွန်းက

“ငါ ဘယ်သူ ဖြစ်လာနေတာလဲ?”

ဒီအတွက် အဖြေရှာမယ်ဆို

ဒီ ၃ ချက်ကို ဆန်းစစ်ကြည့်ပါ။

01 — Audit

လွန်ခဲ့တဲ့ ၁ နှစ်က ကိုယ့်ကိုယ်ကိုယ် describe လုပ်ခဲ့တဲ့ label တွေ စာရင်းထုတ်ကြည့်။

ဘယ်ဟာတွေက အခုထိ true ဖြစ်နေသေးလဲ။ ဘယ်ဟာတွေက expired ဖြစ်သွားပြီလဲ။

02 — Rewrite

“ငါက X ဖြစ်တယ်” ကနေ → “ငါက X ဖြစ်လာနေတဲ့သူ” လို့ ပြောင်းကြည့်။

စကားလုံး နည်းနည်းလေးပဲ ကွာတာ။ ဒါပေမဲ့ brain ကို static ကနေ dynamic ဖြစ်အောင် switch လုပ်ပေးလိုက်တာ။

03 — Daily Evidence

Identity ဆိုတာ declaration နဲ့ တည်ဆောက်ရတာမျိုး မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ တည်ဆောက်ရတာ။

“ငါလိုလူမျိုးက ဒါမျိုး လုပ်လေ့ရှိတယ်” ဆိုတဲ့ သက်သေရှိတဲ့ လုပ်ရပ်မျိုးကို နေ့တိုင်းလုပ်ကြည့်ပါ။

Identity ဆိုတာ….

ရေးနေဆဲ chapter တစ်ခုထဲ ရောက်နေတာပဲ။

Comment မှာလည်း ဒီမေးခွန်းကို ဖြေကြည့်ပါ။

ကိုယ့်ကိုယ်ကို describe လုပ်တဲ့ စကားလုံးက ဘယ်နှစ်ကတည်းက မပြောင်းသေးဘူးလဲ။

ပုံမှန်ပြောင်းလဲနေလား။

Leave a Reply