The Mix By Su ကို ဖြန့်ထားတဲ့ ဆိုင် Invoice Data ၅,၉၂၂ ခု ကို Claude ဆီထည့်ပြီး Analyze လုပ်ခိုင်းကြည့်တယ်။
ရလဒ်က တကယ်ကြမ်းတယ်။
The Mix by Su ရဲ့ Distribution Data ကို စစချင်း ထည့်လိုက်တာ… Claude က ဘာတွေလုပ်ပေးလဲဆိုတော့…
Agent Ranking:
Agent တစ်ယောက်ချင်းရဲ့ Total Purchase, Monthly Average, ဘယ်နှစ်ရက်ခြားပြီး Order ပြန်ထည့်လဲ (Reorder Frequency) အကုန်ခွဲပြတယ်။
City Mapping:
Address တွေက မြန်မာစာရော English ရော ရောနေတာ… Claude က Township Level အထိ ခွဲခြားပြီး Top 10 မြို့ကို Rank လုပ်ပေးတယ်။
Discount Analysis:
Commission % တွေအပေါ်မူတည်ပြီး ဘယ် Tier မှာ ဘယ်နှစ်ယောက် ဝယ်နေလဲတွက်ပေးတယ်။
နောက်ပြီး အခု Super Agent တွေပဲ Head Office က ကိုင်တော့မယ်ဆိုပြီး စဉ်စားထားတော့.. % တစ်ခု ကိုတွက်မယ်ပေါ့။
အဲအတွက် Strategy နဲ့ ဖြစ်သင့်တဲ့ Super agent rules တွေချပေးတယ်။ Super Agent အတွက် (××%) Discount ပေးရင် Margin ဘယ်လောက်ကျန်လဲ… အကုန်တွက်ပေးတယ်။
Revenue Range:
လစဉ် Agent Count ဘယ်လောက်ရှိလဲ… 1M အောက် Agent ဘယ်နှစ်ယောက်ရှိလဲ… 100M+ Agent တွေက Revenue ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းယူနေလဲ… Table ချပြတယ်။
ရလဒ်ကတော့… ဘယ်မြို့ရဲ့ Revenue က Company ရဲ့ ဘယ်လောက် % ရောင်းအားဖြစ်ပါကြောင်းအကုန်လုံးပါတယ်။
AI ကို ကြောက်စရာမဟုတ်ဘူး။ AI ကို မသုံးတာ ကြောက်စရာ။
Invoice ၅,၉၂၂ ခုကို လူကတွက်ရင် ရက် ဘယ်နှစ်ရက်ကြာမလဲ… Claude ဆို ၃မိနစ်အတွင်း Excel Report အပြည့်အစုံ ထုတ်ပေးတယ်
ဆုအတွက်တော့ ဒါကို အခြေခံပြီး Super Agent Strategy ကို ပြန်ဆွဲထားတယ်။ Data-driven decision making ဆိုတာ Theory မဟုတ်ဘူး။ အလုပ်ဖြစ်နေတာကို မြင်ရတယ်။
Analyzed 5,922 invoices with Claude AI in 3 minutes. Agent rankings, city mapping, discount tiers, revenue ranges — all calculated. The real fear isn’t AI, it’s not using AI while competitors do.
#TheMixBySu #Claude #AI #DataAnalysis #MadeInMyanmar #BusinessStrategy #Distribution