Skip to main content

Su Phone Mo

The Mix By Su ကို ဖြန့်ထားတဲ့ ဆိုင် Invoice Data ၅,၉၂၂ ခု ကို Claude ဆီထည့်ပြီး Analyze လုပ်ခိုင်းကြည့်တယ်။

ရလဒ်က တကယ်ကြမ်းတယ်။

The Mix by Su ရဲ့ Distribution Data ကို စစချင်း ထည့်လိုက်တာ… Claude က ဘာတွေလုပ်ပေးလဲဆိုတော့…

Agent Ranking:
Agent တစ်ယောက်ချင်းရဲ့ Total Purchase, Monthly Average, ဘယ်နှစ်ရက်ခြားပြီး Order ပြန်ထည့်လဲ (Reorder Frequency) အကုန်ခွဲပြတယ်။

City Mapping:
Address တွေက မြန်မာစာရော English ရော ရောနေတာ… Claude က Township Level အထိ ခွဲခြားပြီး Top 10 မြို့ကို Rank လုပ်ပေးတယ်။

Discount Analysis:
Commission % တွေအပေါ်မူတည်ပြီး ဘယ် Tier မှာ ဘယ်နှစ်ယောက် ဝယ်နေလဲတွက်ပေးတယ်။

နောက်ပြီး အခု Super Agent တွေပဲ Head Office က ကိုင်တော့မယ်ဆိုပြီး စဉ်စားထားတော့.. % တစ်ခု ကိုတွက်မယ်ပေါ့။

အဲအတွက် Strategy နဲ့ ဖြစ်သင့်တဲ့ Super agent rules တွေချပေးတယ်။ Super Agent အတွက် (××%) Discount ပေးရင် Margin ဘယ်လောက်ကျန်လဲ… အကုန်တွက်ပေးတယ်။

Revenue Range:
လစဉ် Agent Count ဘယ်လောက်ရှိလဲ… 1M အောက် Agent ဘယ်နှစ်ယောက်ရှိလဲ… 100M+ Agent တွေက Revenue ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းယူနေလဲ… Table ချပြတယ်။

ရလဒ်ကတော့… ဘယ်မြို့ရဲ့ Revenue က Company ရဲ့ ဘယ်လောက် % ရောင်းအားဖြစ်ပါကြောင်းအကုန်လုံးပါတယ်။

AI ကို ကြောက်စရာမဟုတ်ဘူး။ AI ကို မသုံးတာ ကြောက်စရာ။

Invoice ၅,၉၂၂ ခုကို လူကတွက်ရင် ရက် ဘယ်နှစ်ရက်ကြာမလဲ… Claude ဆို ၃မိနစ်အတွင်း Excel Report အပြည့်အစုံ ထုတ်ပေးတယ်

ဆုအတွက်တော့ ဒါကို အခြေခံပြီး Super Agent Strategy ကို ပြန်ဆွဲထားတယ်။ Data-driven decision making ဆိုတာ Theory မဟုတ်ဘူး။ အလုပ်ဖြစ်နေတာကို မြင်ရတယ်။


Analyzed 5,922 invoices with Claude AI in 3 minutes. Agent rankings, city mapping, discount tiers, revenue ranges — all calculated. The real fear isn’t AI, it’s not using AI while competitors do.

#TheMixBySu #Claude #AI #DataAnalysis #MadeInMyanmar #BusinessStrategy #Distribution

Leave a Reply