Skip to main content

Su Phone Mo

ကိုယ့် Frequency ကိုရှာပါ။ 

လူတိုင်းမှာ Timeline ပဲပြောပြော Waveပဲပြောပြော Frequency ပဲပြောပြော Vibe ပဲပြောပြော။
ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတယ်။
ဒီမှာမှ သူများတွေဘ၀ အဆင်ပြေတာ မြင်ရရင် ငါသွားနေတဲ့ လမ်းက ဟုတ်ရဲ့လားလို့ သံတယ ဝင်တဲ့ စိတ် ဖြစ်လာလေ့ရှိတယ်။
သူများလုပ်နေတဲ့ အလုပ်တွေကို လိုက်လုပ်မိတာမျိုးလည်းဖြစ်လာနိုင်တယ်။
လုပ်ရင်းနဲ့ ကိုယ်နဲ့ ကိုက်ညီရင်လည်းကိုက်ညီမယ်။
မကိုက်ညီရင်လည်းမကိုက်ညီနိုင်ဘူး။
ဒီအခါ သိရမှာက တယောက်နဲ့ တယောက် Frequency မတူဘူး ဆိုတာသိဖို့လိုတယ်။
အဲလိုသိဖို့ဆို ကိုယ့်အကြောင်းကို သိဖို့လိုတယ်။
ငါပျော်နေရဲ့လား။
ငါနဲ့ အဆင်ရောပြေရဲ့လား။
ငါတကယ်ရော လုပ်ချင်ရဲ့လား။
ဒါတွေ ကိုယ့်ဟာကို ပြန်နားထောင်ဖို့လိုတယ်။
သူများယောင်တိုင်းလိုက်မယောင်ဖို့ လိုတယ်။
သူများ Timeline ကနေ ကိုယ့်ဟာကို ကြည့်ပြိး အားမငယ်ဖို့လည်းလိုတယ်။
_______________
Find your frequency. 

Everybody has their own Timelines, Waves, Frequencies, Vibes, or whatever they call them. People just follow their own path in their own style. When you see others leading a great life, you might start to doubt if your path is right. It’s common to feel tempted to follow what others are doing. It might work sometimes or might not. Who knows? But you need to know that not everyone’s Frequency matches each other. To know your frequency, self-awareness plays an important role. Ask yourself these questions: Am I happy doing it? Does this really fit me? Is this truly what I want to do? These are the questions you need to reflect on yourself. Don’t be swayed by others’ successes. You also need the strength not to feel inferior by looking at others’ timelines.

Leave a Reply