မှတ်မှတ်ရရ Dr.Phyo Paing ရဲ့ Peak Productivity Class တက်တုန်းက သူက Notion သုံးကြည့် တော်တော်အသုံးဝင်တယ်ပြောတော့ ဒီလိုပဲ ကလိတာက စပြီး ကိုယ့် ဘ၀မှာတော်တော်ကို အသုံးဝင်တာသွားတွေ့ရတယ်။
Notion ကို မနှစ်ထဲက သုံးခဲ့ဖူးပေမဲ့ အရမ်းရှုပ်လို့ပြစ်ထားလိုက်တာကနေ အခုတကယ် စမ်းကြည့်မယ်ဆိုပြီး သုံးတဲ့အခါ တကယ်ကို အသိနောက်ကျတာ သွားတွေ့တယ်။
ဘာတွေ သုံးပြီး အကျိုးရှိသွားလဲဆို…
၁။ Project Management Tool အနေနဲ့ ဆု Company တခုလုံးကို စသိပြီး ၁၄ရက်အကြာမှာ စ Run နိုင်ခဲ့တယ်။
၂။ ကိုယ့် Personal နဲ့ ပတ်သက်ပြီး လေ့လာသမျှ ကို Data တွေ သိမ်းထားတာက အခု March 15 မှာ ကိုယ့်ဟာကို Own Website ကို လုပ်တော့ concept တွေ အကုန်နီးနီး ရင်းနှီးပြီးသားဖြစ်နေတယ်။
၃။ ဒီက နေ ငွေပြန် ရှာပေးတာကတော့ Personal ရော Professional ရောမှာ ပြောစရာတောင်မလိုတဲ့အထိပဲ။
၄။ သိသမျှ တွေ Data အကုန် သိမ်းပြီးသားဖြစ်တော့ Second brain လိုဖြစ်ပြီး Course တခု ဖန်တီးရတာ အချိန်တခု ကြာမနေတော့ဘူး။ ဒါကြောင့် ဒါက နောက် ဝင်ငွေထပ်ထိုးပြန်တယ်။
ဒါကြောင့် တခါတလေ လူတွေက သတင်းအချက်အလက်ရပုံချင်းတူတယ်။ အသုံးချပုံချင်းမတူဘူး။
တချို့ကျတော့ အသုံးအရမ်းချချင်တယ်။ ဒါပေမဲ့ Full Potential အပြည့်ကို အသုံးချဖို့ နေရာမရှိပြန်ဘူး။
အဲလိုအသုံးချဖို့အတွက် Foundation တွေ အရင်ထဲက ချထားရင် ရတဲ့ Data ပေါ်မူတည်ပြီး ချက်ချင်းချိတ်ဆက် လုပ်ကိုင်လို့ရတယ်။
ဒါကြောင့် ဘယ်တော့ တရှိန်ထိုး ကိုယ့်အချိန်ရောက်မလဲ ဆိုတာ ထိုင်စောင့်ရမဲ့အရာမဟုတ်ဘူး။
အဲ အချိန် ရောက်ဖို့ဆိုတာ ကိုယ် အခြေခံအုတ်မြစ်ကို အဆက်မပြတ်ကို လုပ်လာထားရမှာ။
ဆုအတွက် Buring Desire နဲ့ နေ့တိုင်း Flow State ထဲ ရှိနေဖို့ဆို (၅)ချက်လိုတယ်ပြောရမယ်။
Curiosity + Mastery +Audacity + Purpose + Autonomy = Multiple Opportunities
တခါတလေ တချက်ခုတ် ၅ချက်လောက် ပြတ် ဖို့ ဆိုတာ
သတင်းအချက်အလက်တွေ လိုတယ်။
အသုံးချဖို့ နေရာလိုတယ်။
အသုံးချမဲ့ အချိန်မှာ တမ်းအသုံးချဖို့ အခြေခံ Skill တွေလိုတယ်။
အသုံးချမဲ့ ရည်ရွယ်ချက် Why ခိုင်မာဖို့လိုတယ်။
ပြီးရင် အမြဲ အသုံးချ နေုနိင်ဖို့ နေ့စဉ်ဘ၀မှာ စနစ်လိုတယ်။
လုပ်ရဲ တဲ့ ယုံကြည်မှု နဲ့ အခြေအနေလည်းလိုတယ်။
အခုထဲက စဖြည့်ထားရမဲ့အရာတွေမှာ ဒါတွေပါတယ်။
I vividly remember attending Dr. Phyo Paing’s Peak Productivity Class, where he mentioned the usefulness of Notion for organizing tasks, which I found to be significantly beneficial in my life. Despite having tried Notion last year and initially finding it too complicated, I recently gave it another chance. This time, I realized how much I was missing out on by not fully embracing its capabilities.
Here are the ways Notion has proven to be beneficial:
As a Project Management Tool: I started using Notion to manage a project for my company, and within 14 days, we were able to begin running it efficiently.
For Personal Development: Everything I’ve learned and collected data on up to March 15 is now neatly organized on my own website, making the information readily accessible and well-organized.
Financial Benefits: Notion has become invaluable, to the point where it’s almost self-evident how it benefits both my personal and professional life financially.
As a Second Brain: With all the data and knowledge stored in Notion, creating courses has become much quicker, essentially acting as a second brain and thereby increasing my income.
This leads to the realization that people consume and apply information differently. While some may find great use in certain tools or information, others may not see the same level of utility until they lay the right foundation for its application.
For maximized benefits, it’s suggested that a combination of Curiosity, Mastery, Audacity, Purpose, and Autonomy is necessary, equating to Multiple Opportunities. The preparation for these opportunities involves not just waiting for the right moment but continuously building a strong foundation to leverage them effectively when they arise.

