Quantity > Quality လို့ပြောရင် တော်တော်များများက လက်မခံဘူး။ ဘာလို့လဲဆိုတော့ Quality ကို ဦးစားပဲ ပိုပေးရမယ်ဆိုတဲ့ perfectionism concept ကြောင့်လည်း ဖြစ်နိုင်သလို criticism ကို မခံချင်လို့လည်းဖြစ််နိုင်တယ်။ ငါလုပ်ရင် အကောင်းဆုံးပဲ ဖြစ်ရမယ်ဆိုတဲ့ egoism ကြောင့်လည်း ဖြစ်နိုင်တယ်။ မကောင်းဘူးလားဆို ကောင်းတယ်။ လိုလည်းလိုအပ်တယ်။
ဒါပေမဲ့ ဒီထပ် ပို ဖြစ်နိုင်ချေရှိတဲ့အခွင့်အရေးတွေ လက်လွှတ်ရတတ်တယ်။ တကယ်တော့ ဘယ်ဟာအမှန်လဲဆို ဘယ်ဟာမှ အမှန်မရှိဘူး။ ကိုယ်ရဲ့ Business Model သို့ Project က ဘာလုပ်မှာလဲဆိုတာ အရင် သိဖို့လိုတယ်။
ဆု က တော့ ဒါတွေ ကိုယ့်ဟာကို ပြန်မေးတယ်။
၁။ ဒါဘာလို့ ငါလုပ်သင့်လဲ။ ငါလုပ်ဖို့ရောလိုအပ်ရဲ့လား။
၂။ ဒီအရာကြောင့် ဘယ်သူတွေ အကျိုးရှိမှာလဲ။
၃။ ငါရော ဒီ အရာ တခု လုပ်ရင် ၆ နေရာလောက်မှာ ဘယ်လိုပြန်သုံးလို့ရမလဲ။
၄။ ဒီအရာကိုလုပ်ရင် ပုံမှန်ကြာချိန်ထပ် ၃ ဆ အနည်းဆုံးပို မြန်အောင် ဘာ system သုံးရမလဲ။
၅။ အဲ system မှာ quality လည်း အကောင်းဆုံး ဖြစ်အောင် ဘာ resources တွေ ကိုယ့်မှာရှိထားလဲ။ ဘာစနစ်နဲ့ လုပ်မလဲ။
၅။ သုံးထားတဲ့ စနစ် က ကိုယ့် Data ကို နောက် ၁၀ နှစ်လောက်မှာ ပြန်ရှာ အသုံးချလို့ရလောက်လား။
အဲ အရာတွေ နဲ့ ကိုက်ညီရင်လုပ်တယ်။
ဘာလို့ ဒီလိုတွေးလဲဆို
ကိုယ်ဘေးမှာ အရမ်းတော်ပြီး ဖြစ်သင့်သလောက်မဖြစ်ကြတဲ့ perfectionist တွေကိုတွေ့လို့ပဲ။
ဒါကြောင့် Progressionist > Perfectionist ဆိုတဲ့ concept လေးကို စ သုံးစွဲလာတယ်။
________________
Many people disagree with the saying “Quantity over Quality” because they believe in the concept of perfectionism, which prioritizes quality. This could also stem from a fear of criticism or a belief that one must only produce their best work, driven by ego. However, this mindset can lead to missed opportunities for improvement and growth. Ultimately, there’s no definitive answer to which is better, as it depends on the context of the business model or project at hand. The key questions to ask are: Why should I do this? Who benefits from it? How can it be utilized in various aspects? What system should be used to achieve it while maintaining high quality? And can the system used for this data be relevant or useful in the next decade? Considering these questions aligns with choosing to work on something only if it fits certain criteria, moving away from perfectionism towards a concept of progressivism. This shift in mindset is often inspired by witnessing many perfectionists struggle to achieve their full potential.
#suphonemologic#suphonemovlog#suphonemologic#suphonemoquote#curiousinsighter#burmesecommunity
