
စိတ်ညစ်တယ်ဆိုတာ လူတိုင်းအတွက် ရင်းနှီတဲ့ ခံစားချက်ပါ။
တစ်ခါတစ်လေ ကိုယ့်ဘဝထဲမှာ ဘာတွေ စိတ်ညစ်စရာများနေလဲ၊ ဘယ်လိုစလုပ်ရမလဲ
မသိတော့သလိုခံစားရပါတယ်။ အထူးသဖြင့် အခုလို digital age မှာ information overload ဖြစ်နေတဲ့အချိန်၊ တစ်ချိန်တည်းမှာ multiple tasks တွေ handle လုပ်နေရတဲ့အခါ စိတ်ဖိစီးမှုတွေက ပိုများလာတတ်ပါတယ်။
Stress ကို Handle လုပ်တဲ့ နည်းလမ်း တခု ဒီနေ့ မျှဝေပေးပါမယ်။
Worry Window technique အကြောင်း ဖြစ်ပါတယ်။
Worry Window ဆိုတာ –
• နေ့စဉ် သတ်မှတ်ထားတဲ့ အချိန် ၅-၁၀ မိနစ်လောက်ပဲ စိတ်ပူခွင့်ပြုတာပါ
• ဥပမာ – ညနေ ၆နာရီကနေ ၆:၁၀ ထိ
• အဲ့အချိန်မှာ –
• စိတ်ပူနေတာအားလုံးကို စာရင်းလုပ်
• ဘာတွေက realistic လဲ၊ ဘာတွေက unrealistic လဲ ခွဲ
• ဖြစ်နိုင်ချေနည်းတဲ့ worries တွေကို “ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်” တယ်လို့ စိတ်ကူးယဉ်
အဓိက အချက် –
၁။ တခြား အချိန်တွေမှာ စိတ်ပူလာရင် “ဒါက ငါ့ရဲ့ worry window အချိန်မဟုတ်သေးဘူး” လို့ ပြောပြီး later list ထဲ ထည့်ထားလိုက်ပါ
၂။ Worry Window အချိန်ရောက်မှ –
• စာရင်းပြန်ကြည့်
• ဘယ်ဟာတွေက အရေးကြီးလဲ
• ဘာတွေ လုပ်လို့ရမလဲ plan ဆွဲ
၃။ တကယ် action လုပ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပါ
ဒီနည်းက စိတ်ပူခြင်းကို လုံးဝမပူနဲ့လို့ မပြောဘဲ “အချိန်ကန့်သတ်ချက်နဲ့ စိတ်ပူခြင်း” ကို သင်ပေးတာမို့ practical ဖြစ်ပြီး၊ စိတ်ဖိစီးမှုကို effective ကိုင်တွယ်နိုင်စေပါတယ်။
_________
Feeling stressed is a common experience for everyone.
At times, it feels like you don’t even know what’s causing your stress or where to begin.
In this digital age, with information overload and the constant need to handle multiple tasks, stress levels can rise significantly.
Today, I want to share an effective method for managing stress: the Worry Window technique.
The Worry Window involves:
– Allowing yourself to worry only during a specific 5-10 minute period each day.
– For example, from 6:00 PM to 6:10 PM.
– During this time:
– List all your worries.
– Distinguish between realistic and unrealistic worries.
– Visualize “throwing out” the less likely worries through a window.
Key Points:
1. At other times, if you start worrying, remind yourself, “This isn’t my worry window time yet,” and add it to your later list.
2. When the worry window time arrives:
– Review your list.
– Identify what’s important.
– Create a plan for what can be addressed.
3. Focus only on the worries you can take action on.
This method doesn’t advocate for eliminating worry entirely but encourages “time-bound worrying,” making it a practical and effective approach to managing stress.
#MentalHealth #StressManagement #WellnessTips
#suphonemovlog #curiousinsighter #suphonemo
