
စိတ်ဓာတ်၊စည်းကမ်း၊ပညာ။
ငယ်ငယ်က ကျောင်းအင်္ကျီလက်မောင်းဘေးမှာ ဒီတံဆိပ်လေးကို လူတိုင်းသတိထားမိမယ်ထင်တယ်။
အဲတုန်းကတော့ တခါမှ ဒီလောက်အရေးကြီးမှန်းမစဉ်းစားမိဘူး။
၁။ စိတ်ဓာတ်
လုပ်ရပ်အားလုံးရဲ့ အုတ်မြစ် လို့ပြောလို့ရတယ်။ စိတ်ကို အလွှာခွဲလိုက်ရင် အပိုင်း (၅) လောက်ခွဲကြည့်လို့ရမယ်။
1️⃣ Core Values
Core Values ဆိုတာ လူတစ်ယောက်အတွက် အရမ်းအရေးကြီးတဲ့ အခြေခံယုံကြည်ချက်တွေပေါ့။ ကိုယ်ဘာလုပ်မလဲ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို လမ်းညွှန်ပေးတယ်။ တကယ်တော့ ကိုယ့်ထဲမှာ အမြဲရှိနေတာပဲ။ ဒါပေမယ့် သိပ်သတိမထားမိကြဘူး။
2️⃣ ယုံကြည်ချက်
ယုံကြည်ချက်ဆိုတာကတော့ အဲဒီအဓိကတန်ဖိုးတွေပေါ်မှာ မူတည်ပြီး ကိုယ်ဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုမြင်သလဲဆိုတာပဲ။ တစ်ခါတလေ ကိုယ့်ကို အားပေးသလိုမျိုး၊ တစ်ခါတလေ ကိုယ့်ကိုဟန့်တားသလိုမျိုးလည်း ဖြစ်နိုင်တယ်။
3️⃣ အတွေး
အတွေးဆိုတာက ကိုယ့်ခေါင်းထဲမှာ အမြဲလည်နေတဲ့ စဉ်းစားမိသမျှတွေပေါ့။ ပုံရိပ်တွေ၊ စကားသံတွေ အကုန်ပါတယ်။ အဲဒီအတွေးတွေက ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေကနေ အရင်းခံလာတာ။
4️⃣ ခံစားချက်
ခံစားချက်တွေကတော့ ကိုယ့်စိတ်ထဲက အတွေးတွေနဲ့ ယုံကြည်ချက်တွေနဲ့ ဆက်စပ်ပြီး ပေါ်လာတဲ့ ခံစားမှုတွေပေါ့။ ဘာတွေဖြစ်နေလဲဆိုတာကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်အောင် ကူညီပေးတယ်။
5️⃣ အပြုအမူ (Behaviors)
အပြုအမူဆိုတာကတော့ နောက်ဆုံးမှာ ကိုယ်ဘာလုပ်လဲ၊ ဘယ်လိုတုံ့ပြန်လဲ၊ ဘာတွေကို အမြဲလုပ်နေကျလဲဆိုတာတွေပေါ့။ အဲဒါတွေက အထက်ပါအရာအားလုံးရဲ့ ရလဒ်တွေလို့ ပြောလို့ရတယ်။
၂။ စည်းကမ်း
စည်းကမ်းမှာ (၅)မျိုးရှိမယ်။
1️⃣ Self-Discipline
ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတွေကို တည်ရမယ်။
စိတ်မပါလည်း လုပ်သင့်တာကို လုပ်နိုင်ရမယ် ဆိုတဲ့ စည်းစနစ်ရှိကိုဆိုလိုတယ်။
2️⃣ နေ့စဉ်လုပ်ငန်းစဉ် စည်းကမ်း (Routine Discipline)
နေ့တိုင်းလုပ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေခြင်းကိုဆိုလိုတယ်။
3️⃣ စနစ်တကျ စီမံခန့်ခွဲမှု (System Discipline)
အချိန်ဇယား၊ မှတ်စုစာအုပ်တို့နဲ့ စနစ်တကျထားမယ်။
ကြီးတဲ့အလုပ်ကို သေးသေးလေးတွေခွဲပြီး လုပ်မယ် စသည်ဖြင့် စည်ကမ်းသတ်မှတ်ထားတာကို ဆိုလိုတယ်။
4️⃣ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု (Environmental Discipline)
အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဖယ်ထုတ်ထားမယ်။
ကိုယ်လုပ်ချင်တာ လွယ်လွယ်လုပ်နိုင်အောင် ပတ်ဝန်းကျင်ကို စီစဉ်မယ် ဒါမျိုးကိုဆိုလိုတာဖြစ်တယ်။
5️⃣ လူမှုရေး စည်းကမ်း (Social Discipline)
လူမှုပတ်ဝန်းကျင် ကို အတိအကျ စည်းကမ်းတွေ သတ်မှတ်ချမှတ်ထားတာမျိုးကိုဆိုလိုတယ်။
ဥပမာ။ တူညီ ကိုက်ညီတဲ့ ရပ်ဝန်းမှာ နေထိုင်ဖို့ စနစ်တကျနဲ့ ဝန်းကျင်ကို ဖန်တီးထားတာမျိုးပါ။
၃။ ပညာ
ပညာနဲ့ ပတ်သက်ပြီးပိုင်းခြားဖို့ဆို သိခြင်း (၅)မျိုး အခြေခံရှိတယ်။
၁. Explicit Knowledge – စာအုပ်၊ လက်စွဲ၊ နည်းလမ်းတွေကနေ တိုက်ရိုက်ရတဲ့ အသိပါ။
၂. Implicit Knowledge – အလုပ်လုပ်ရင်း အတွေ့အကြုံကနေ သိလာတာမျိုးပါ။
၃. Tacit Knowledge – ပြောပြဖို့ခက်ပေမယ့် စိတ်ထဲမှာ သိနေတဲ့ ဉာဏ်ပညာမျိုးပါ။
၄. Procedural Knowledge – အဆင့်ဆင့် ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားတဲ့ အသိပါ။
၅. Declarative Knowledge – အခြေခံ အချက်အလက်တွေ၊ အဓိပ္ပါယ်တွေကို သိထားတာမျိုးပါ။
ဒီအသိတွေကနေ အမှန်အမှားဆုံးဖြတ်နိုင်ခြင်းကို ပညာ လို့ ခေါ်တယ်။
ဒါကြောင့် နေ့တိုင်းကိုယ့်ရဲ့ စိတ်ဓာတ်၊စည်းကမ်း၊ပညာ ကို ဂရုပြု နေထိုင်ပါ။
Morale, Discipline, Knowledge!
When we were young, I think everyone noticed this emblem on the sleeve of our school uniform. Back then, we never really thought about how important it was.
1. Morale
It can be said that morale is the foundation of all actions. If we break down the mind, we can see it in about five layers.
1️⃣ Core Values
Core values are the fundamental beliefs that are essential to an individual. They guide how we act and make decisions. In fact, they are always within us, though we don’t always pay much attention to them.
2️⃣ Beliefs
Beliefs are how we perceive our life and surroundings, based on our core values. Sometimes, they can motivate us, while at other times, they might hold us back.
3️⃣ Thoughts
Thoughts are everything that constantly runs through your mind, including images, sounds, and other mental content. These thoughts are shaped by your beliefs and values.
4️⃣ Feelings
Feelings are emotions that arise from the thoughts and beliefs in your mind. They help you gain clarity and better understand what is happening.
5️⃣ Behaviors
Behaviors refer to what you do, how you respond, and the actions you consistently take. These are the outcomes of all the factors mentioned above.
2. Discipline
There are five types of discipline:
1️⃣ Self-Discipline
This refers to keeping the promises and commitments you’ve made to yourself. It means being able to do what needs to be done, even when you don’t feel like it.
2️⃣ Routine Discipline
This involves maintaining good habits and routines that you follow every day.
3️⃣ Systematic Discipline
This refers to organizing tasks using a note-taking book or a schedule. It involves breaking larger tasks into smaller steps and managing them systematically.
4️⃣ Environmental Discipline
This refers to removing distractions and organizing your environment to make it easier to focus on what you want to achieve.
5️⃣ Social Discipline
This involves setting and adhering to clear social boundaries within your community or social environment. For example, creating a structured and harmonious neighborhood where people live according to similar values.
3. Knowledge
There are five fundamental types of knowledge:
1️⃣Explicit Knowledge – This is knowledge acquired directly from books, manuals, and methods.
2️⃣Implicit Knowledge – This is knowledge gained through experience while working.
3️⃣Tacit Knowledge – This is knowledge that is hard to articulate but is understood intuitively.
4️⃣Procedural Knowledge – This is knowledge of how to perform tasks step by step.
5️⃣Declarative Knowledge – This is knowledge of basic facts and concepts.
By understanding these different types of knowledge, we can distinguish between right and wrong, and this is what we call wisdom.
Therefore, always take time each day to nurture your morale, discipline, and knowledge.
#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur
