
လုပ်စရာရှိတာတွေ မလုပ်ခဲ့လို့ အချိန်ကုန်နေတယ် ခံစားရရင် ၁၂လ (၁နှစ်) Plan ရမဲ့ အရာတွေကို ၁၂ပတ် အသွင်ပြောင်းပြီး Plan လုပ်ကြည့်ပါ။ 🎯
၁လ အတွင်းပြီးမြှောက်ရမဲ့အရာတွေ ၁ပတ်အတွင်းပြီးအောင်ဘယ်လို ဖန်တီးရမလဲ ဆိုပြီး စဉ်းစား စီစဉ်နည်းပါ။
ဥပမာ။ ၁လ စာတအုပ်ပြီးအောင်ဖတ်ရမဲ့အစား ၁ပတ် ၁အုပ်ပြီးအောင် အမြန်ဘယ်လိုဖတ်နိုင်မလဲ။
၁လစာ English သင်တန်းတက်မယ့်အစား ၁ပတ်အတွင်း အခြေခံ Grammar တွေ ဘယ်လိုကျွမ်းကျင်အောင်လေ့လာမလဲ။
အဲ့လို Timeline တွေ ပြောင်းလဲစီစဉ်ခြင်းက တော်တော်ထိရောက်တဲ့ Productivity Thinking ပါ။
တခါတလေ.. အချိန်ပိုလိုတယ်လို့ ထင်နေပေမဲ့ တကယ်တော့ လုပ်ရမှာတွေက မတိကျလို့ အချိန်ကုန်နေတာလဲဖြစ်နိုင်ပဲလေ။
12 Week နဲ့ Productivity Boost မယ်ဆိုရင်…
ထားရမဲ့ Mindset အဓိက မူ(၃)ချက်
၁. Accountability
၂. Commitment
၃. Greatness in the Moment (အကောင်းဆုံးဘာမဆိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်။)
စနစ်တကျလုပ်ဖို့ (၅)ချက်
၁. ရှင်းရှင်းလင်းလင်း မြင်တတ်မှု (Vision)
၂. စီမံကိန်းရေးဆွဲတတ်မှု (Planning)
၃. လုပ်ငန်းစဉ်ထိန်းချုပ်မှု (Process Control)
၄. တိုးတက်မှုတိုင်းတာမှု (Measurement)
၅. အချိန်ကို သေချာစွာအသုံးချတတ်ခြင်း (Time Use)
ဘယ် Project သို့မဟုတ် လုပ်ရပ် ကို ၁နှစ်လုပ်မယ်စဉ်းစားထားပေမဲ့ ၁၂ပတ်အတွင်းပြောင်းလဲကြည့်မယ်စဉ်းစားထားလဲ။
ဆုကတော့ Curious Insighter Application ကို ၁၂ပတ်အတွင်းရအောင်လုပ်ဖို့ရှိမယ်။
(The 12 Week Year စာအုပ်ကအတွေးအခေါ်များ)
