
လူတိုင်းမှာ ပြောင်းလဲနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ မပြောင်းလဲခြင်းဟာရွေးချယ်မှုပါ။
ဒီလိုပြောလို့”ပြောင်းလဲမှု” ဆိုတာ တစ်ခါတည်း ကြီးကြီးမားမား လုပ်ရမယ်လို့ မရှိပါဘူး။
ဥပမာ –
* Social Media သုံးနေကျအချိန်မှာ စာအုပ်တစ်အုပ် ဖတ်ကြည့်တာ
* ညဘက် TV ကြည့်မယ့်အစား လမ်းလျှောက်ထွက်တာ
* တနေ့ ၅မိနစ်လောက် ကြိုးစားတရားထိုင်ကြည့်တာ
* နိုးတာနဲ့ ရေ ၁ခွက်အပြည့်သောက်
* အိပ်ရာမ၀င်ခင် နောက်နေ့ အတွက် To do List ရေးတာ
* တစ်ပတ် တစ်ကြိမ် လောက် နေ့တဝက်ထိ Digital Detox လုပ်တာ
ဒီလို သေးသေးလေးတွေကနေ စလုပ်တာဟာလည်း ပြောင်းလဲမှုပါပဲ။ တဖြည်းဖြည်းနဲ့ ဒီအပြောင်းအလဲလေးတွေက ကိုယ့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ် ဖြစ်လာပါလိမ့်မယ်။
အဓိကက ကိုယ်ပြောင်းလဲချင်တဲ့ ဦးတည်ရာဘက်ကို မျက်ခြည်မပြတ်ဘဲ၊ တစ်ရက်ချင်း သေးငယ်တဲ့ ရွေးချယ်မှုလေးတွေနဲ့ တည်ဆောက်သွားဖို့ပါ။ ဒါမှ ပြောင်းလဲမှုက ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။
Everyone has the potential to change. Not changing is a choice.
That being said, “change” doesn’t always have to be something big.
For example:
• Instead of spending time on social media, try reading a book.
• Instead of watching TV at night, go for a walk.
• Try meditating for just 5 minutes a day.
• Drink a full glass of water as soon as you wake up.
• Write a to-do list for the next day before going to bed.
• Do a digital detox for half a day once a week.
Starting with small steps like these is also a form of change. Gradually, these small changes will become part of your daily routine.
The key is to keep your focus on the direction you want to change and make small, intentional choices each day. This is how change becomes sustainable in the long term.
#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur
