ဆက်ပြီး လိုချင်နေတဲ့ စိတ်အာသီသ (Wanting) သက်သက်ပဲ။
ဒီကွာခြားချက်ကို သိဖို့က တော်တော်လေး အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ လိုချင်တာကို ရသွားတဲ့ အချိန်မှာ
ဒိုပါမင်းက ပျောက်သွားပြီမို့လို့ပါ။
တကယ်တမ်း ပျော်ရွှင်တဲ့ ခံစားချက်က
ရောက်မလာဘဲ နောက်တစ်ခုကို ထပ်လိုချင်တဲ့ စိတ်ပဲ ကျန်ခဲ့တယ်။
ဦးနှောက်မှာ စနစ်နှစ်ခု ရှိပါတယ်။
တစ်ခုက Wanting လို့ခေါ်တဲ့ ဆက်ပြီး ရှာဖွေချင်တဲ့ တွန်းအားပါ။
နောက်တစ်ခုက Liking လို့ခေါ်တဲ့
လက်ရှိအခြေအနေကို တကယ်ကျေနပ်နှစ်သက်တဲ့ အတွေ့အကြုံပါ။
ဒီစနစ်နှစ်ခုက ဦးနှောက်ရဲ့ သီးခြားနေရာတွေမှာ ရှိနေကြတာပါ။
သူတို့နှစ်ခုက တစ်ပြိုင်တည်း အလုပ်လုပ်လေ့ မရှိပါဘူး။
စွဲလမ်းမှု (Addiction) ဆိုတာ
Wanting စနစ်ထဲကနေ ရုန်းမထွက်နိုင်တော့တဲ့ အခြေအနေပဲ ဖြစ်တယ်။
ဥပမာ။ အဆုံးမရှိ Scrolling နေရတဲ့ အလေ့အကျင့်လိုမျိုးပေါ့။
ဒါဟာ ပျော်ရွှင်မှု မဟုတ်ဘဲ
ဆက်ပြီး ရှာဖွေရမယ်ဆိုတဲ့ ဗီဇကို
အသုံးချခံလိုက်ရတာပဲ ဖြစ်ပါတယ်။
တစ်ခုခုကို ရလိုက်တိုင်း ဒိုပါမင်းက ချက်ချင်း Reset ဖြစ်သွားပြီး နောက်ထပ် Dopamine ကိုလိုချင်ပြန်တယ်။
ဒီသံသရာထဲမှာ ပိတ်မိနေတာက အဲဒီအရာက
ကောင်းလွန်းလို့ မဟုတ်ပါဘူး။
ဦးနှောက်ရဲ့ တည်ဆောက်ပုံအရ
ရပ်လို့မရအောင် ဖြစ်နေတာပါ။
မြန်မာနိုင်ငံလို မသေချာမှုတွေ များတဲ့ ပတ်ဝန်းကျင်က ဒီ
အခြေအနေကို ပိုပြီး ဆိုးရွားစေပါတယ်။
Instability ကြောင့် brain က threat ပိုမြင်တယ်။
Threat ရှိတဲ့အခါ pursuit system ပိုတက်ကြွတယ်။
ဒီလိုနေရာမှာ အလေ့အကျင့် လေး ပြောင်းရုံနဲ့တင်
မလုံလောက်တော့ပါဘူး။
Wanting စနစ် အလုပ်လုပ်နေတာကို
ကိုယ်တိုင် သတိပြုမိဖို့ အရင် သင်ယူရပါမယ်။
တစ်ခုခုကို ဆက်လိုချင်နေတဲ့ ခံစားချက်ဖြစ်လာရင်
“ဒါ ဒိုပါမင်းပဲ” ဆိုတဲ့ အသိ (Awareness) ရှိဖို့ လိုပါတယ်။
အဲဒီအသိ ရှိသွားတာနဲ့ တချက်လေး Scrolling ကိုရပ်လိုက်တာနဲ့
Addiction သံသရာကနေ စပြီး လွတ်မြောက်နိုင်ပါပြီ။
စိတ်ဓာတ်ခိုင်မာမှု (Willpower) ထက်
အခြေအနေကို မှန်မှန်ကန်ကန် သိမြင်မှုက ပိုအရေးကြီးတာပါ။
ဆုတို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့
မေးခွန်းတစ်ခု ရှိပါတယ်။
အခု ကိုယ်အသည်းအသန် လိုက်ရှာနေတဲ့အရာက
တကယ်လိုချင်တာလား။
ဒါမှမဟုတ် ဦးနှောက်က Wanting Loop ထဲ
ထည့်ထားလို့ လိုက်နေမိတာလား။