Skip to main content

Su Phone Mo

တူညီချက် (၁)ခုသွားတွေ့တယ်။ ကျန်တဲံ့အခြားတွေလည်းတူညီကြတာရှိသလို မတူညီတာတွေလည်းရှိပါတယ်။

အားလုံးမှာတူတာတခုကတော့

“စိတ်အားထက်သန်မှု” ပဲ။

ဘာလို့လဲဆိုတော့ စိတ်အားထက်သန်မှုဆိုတာ ဦးနှောက် တခုထဲက စေခိုင်းတာမဟုတ်ဘူး။

နှလုံးသားက လှိုက်လှိုက်လှဲလှဲနဲ့ ပြုမှုဆောင်ရွက်တာမျိုး။

ပြီးတော့ နှလုံးသားက လူတွေမှာရှိတဲ့ Bio-electrical energy ကို ဦးနှောက်ထပ် အဆ ၄၀ ကနေ ၆၀ ထိ ထုတ်သုံးနိုင်တယ်။ ထုတ်လွှင့်နိုင်တယ်။

အဲတော့ သာမန် ဦးနှောက် က လုပ်သင့်တယ်ထင်လို့ လုပ်နေတဲ့သူတွေနဲ့ စိတ်အားထက်သန်တဲ့သူရဲ့ လုပ်ဆောင်ချက်က အရမ်းကိုကွာသွားနိုင်တယ်။

နောက်တချက်ကလေ Leader တယောက်က သူကိုယ်တိုင်က မတက်ကြွနေဘူး၊ သွားနေတဲ့လမ်းကလည်း မတိကျနေဘူး၊ စိတ်ပါလက်ပါနဲ့ မဦးဆောင်နေဘူးဆို အဲလုပ်ငန်းက Market ကလိုလို့သာ ဖောက်သည်ရှိလို့သာ တည်မြဲရင်တည်မြဲမယ်။ သို့သော နောက် next level ရောက်ဖို့ မဖြစ်နိုင်တာသို့ ကြံ့ကြာတာမျိုး ဖြစ်တတ်တယ်။

ဟုတ်တော့ဟုတ်တယ်။ စဥ်းစားကြည့်လေ။

လုပ် ရမှာ မလို့အဆင်ပြေသလို ဆက်လုပ်နေတဲ့သူနဲ့။

လုပ် ချင် လွန်းလို့ ကြိုးစားလုပ်နေတဲ့သူနဲ့ကွာသလိုပဲ။

အဲလောက် စိတ်အားထက်သန်မှုမရှိနေရင်

အလုပ်လုပ်ရတာငြီးငွေ့လာတယ်။

ပင်ပန်းတတ်လာတယ်။

အဓိပ္ပါယ် မဲ့လာတယ်။

စိတ်အားထက်သန်တဲ့သူကျတော့လည်း

ထမင်းမေ့ ဟင်းမေ့ တောင် ဒီအလုပ် ကို လုပ်ချင်နေတတ်ကြတာ။

အဲတော့ စိတ်အားထက်သန်မှုက တော်တော် အရေးကြီးတဲ့ အခန်းကဏ္ဍ မှာပါတယ်။

အရင်က ငွေရှိတိုင်း ငွေရှာနိုင်တိုင်း တော်တယ်လို့ ထင်ဖူးတယ်။

အခုချိန်မှာတော့ ငွေရှိတိုင်းလည်း ပညာရှိ ပြီးတော်တာတော့မဟုတ်ဘူး ဆိုတာသိလာတယ်။

သို့သော် အောင်မြင်နေတဲ့သူတိုင်းနီးပါးက Passion Level လောက်မဟုတ်ဘူး။ Obession Level လောက် နဲ့ လုပ်နေကြတာ မြင်ရတယ်။

ဒီအကြောင်းအရာ မလုပ်နေရရင် မပျော်တာ။

ဒီအကြောင်းအရာ ကို မစဥ်းစားပဲမနေနိုင်တာ။

ငွေကြေးမရရင်တောင် ဆက်လုပ်ချင်နေတာ။

အခြားလူက “ဒီလောက်အလုပ်တွေလုပ်နေတာ။ ကြိုးစားနေတာ။ မပင်ပန်းဘူးလား” လို့ တချို့က မေးကြလိမ့်မယ်။

ဒါပေမဲ့ အလုပ်လုပ်နေရရင်ကို ပျော်နေတတ်တာ ကိုလည်း စိတ်အားထက်သန်တဲ့သူတွေပဲနားလည်လိမ့်မယ်။

Leave a Reply