“Work in Public”
“Teach Everything You Know”
“Create Every Day”
ဒီ စာစုလေးကို သိပ်သဘောကျတယ်။
“Work in Silence” ကိုတချို့က ယုံတယ်။
ဆုကတော့ Sahil Lavingia လိုပဲ။
“Work in Public”ကို လေ့ကျင့်တယ်။
မလုပ်ခင် Market က လိုအပ်နေလား။ မလိုဘူးလား စသည်ဖြင့် အမြဲစမ်းသပ် လို့ရသလို တူရာတူရာပဲ စုထားပေးလို့။ တချို့အရာတွေကတော့ ချွင်းချက်ရှိတာပေါ့။
– နောက်တခုက သိသမျှ သင်ပါတဲ့။
ကိုယ့်ဟာကို လည်း ဘာသိသိသင်နိုင်တဲ့သူ
ဖြစ်အောင် အခြေအနေဖန်တီးထားသင့်တယ်။
– ပြီးတော့ နေ့တိုင်း ဖန်တီးပါတဲ့။
အလွယ်ကူဆုံးနဲ့ လူတိုင်းမှာ ရနေတဲ့ အခွင့်အရေးပြောပါဆိုရင် Content Creation ပဲ။
ဆုတို့မှာ လူ့ဘ၀မှာရနေတဲ့ အချိန်တွေက တကယ် သေချာအသုံးချမယ်ဆို လောက်တောင်မလောက်ဘူး။ အချိန်တွေကုန်တာမြန်လွန်းလို့။
အဲအချိန်မှာ ..
တနေ့ မှာပိုင်တဲ့ ၂၄နာရီမှာ social media ကို ၂နာရီလောက်သုံးတယ်ဆို…
တစ်နှစ်မှာပိုင်တဲ့ အချိန် ၈၇၅၀ နာရီမှာ။
နာရီပေါင်း ၇၃၀ Social Media Company တွေကို အလကားပေးနေရတာ။ လူတွေက Social Media ကို အလကားသုံးနေရတယ်ထင်နေကြတယ်။ တကယ်တော့ သူတို့ ဘ၀ရဲ့ ၁ နှစ်ဆို ၇၃၀နာရီ ။ ၁၀နှစ်ဆို ၇၃၀၀နာရီ..
ဒီလောက် ကိုယ့်အချိန်တွေ ကုန်သမျှက ကိုယ့်အတွက်ဘာမှပြန်မရတဲ့၏သူများအကြောင်းထိုင်ကြည့်နေရတာ လောက် အဓိပ္ပာယ်မရှိတာမရှိဘူး။
ဒါကြောင့် နေ့တိုင်း Content တွေတင်ပါ။ တင်တဲ့ Content တိုင်းကလည်း Community
ကိုတခုခုပြန်ပေးပါ။ ကြည့်တဲ့ Content တိုင်းမှာ ကိုယ်ပြန်ရနိုင်တဲ့ content တွေအတွက်အချိန်ပေးပါ။
ကိုယ်လုပ်သမျှကို ချပြပြီး Network ရှာပါ။
သင်ထားသမျှ Data တွေကို ဒီ platform ကိုအသုံးချပြီးတော့ သိမ်းထားပါ။
ပေးရတဲ့ အချိန်နဲ့ တန်အောင် ပြန်ပြီး Social Media ကိုအသုံးချပြစ်ပါ။
