
ပျော်စေတဲ့ hormone လို့ခေါ်တဲ့ dopamine ကို ရည်ရွယ်ချက်ရှိရှိ နဲ့ ရွေးချယ်ဖို့လိုပြီ။
ဘာလို့လဲ???
ဒီလိုမှ မရွေးချယ်ရင် ကိုယ့်ရဲ့ ဖြစ်တည်မှုတွေကို ဒီတိုင်းလေး ပျော်ဖို့ခက်လာပါလိမ့်မယ်။
ဥပမာ။
– ဖုန်းလေးပွတ်မှ နေလို့ အဆင်ပြေမယ်။
– အရက်သောက်မှ စကားလေး ပြောတာသွက်ပြီး စိတ်က ပျော်စေတယ်။
စတဲ့ substances တွေကို မမှီဝဲရင် စိတ်ဓာတ်ကျသလိုခံစားလာရတာမျိုး။
သုံးတာကလည်း ပုံမှန်လိုဖြစ်နေတော့ တကူးတက သုံးတဲ့အခါမှာ Happy Hormones လို့ပြောပေမဲ့ အရမ်းပျော်နေတာလည်းမဟုတ်ပေမဲ့ မသုံးပဲလည်း မနေတတ်တော့တာမျိုး။
လုံးဝ မသုံးရ၊ မလုပ်ရ ရင် ပိုလို့တောင် မပျော်တော့သေးတယ်။
ပြောရရင် ဒါလည်း addiction တမျိုးပဲ။ အကောင်းဆုံးကတော့ အရာရာ balance လေးနဲ့သွားတာကောင်းတယ်။ ပြီးတော့ ကောင်းတဲ့ natural dopamine ထုတ်လုပ်ပေးတဲ့ activities တွေအစားထိုးနိုင်ရင်ပိုကောင်းတယ်။
ဘယ်လို Acitivity တွေက Dopamine ထွက်ရှိမှုနှုန်းဘယ်လောက်ရှိလဲဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးပါမယ်။
ဆေးဝါး (ဥပမာ Cocaine, Meth) – ၄၀၀ %
အရက် – ၂၀၀ %
လိင်ဆက်ဆံခြင်း – ၂၀၀%
sugar နဲ့ အဆီများတဲ့ အစားအစာများစားခြင်း – ၁၅၀%
Social Media၊ ဂိမ်း ကစားခြင်း – ၁၀၀%
တရားထိုင်ခြင်း၊ စိတ်အေးအေးဖြစ်စေမှုများ – ၆၅%
သဘာဝမှ ပေးတဲ့ အကျိုးကျေးဇူး (နေရောင်ခံခြင်း၊ အားကစားခြင်း – ၅၀%
ဆုကတော့ ဒါကြောင့် တခုခုကို အပြီးဖြတ်လိုက်ရင် နောက်တခုနဲ့ အစားထိုးတာမျိုးလုပ်တယ်။
Coffee ဖြတ်ချိန်မှာ၊ အားကစားလုပ်မျိုး။
ဂိမ်းဖြတ်ချိန်မှာ၊ စာဖတ်တာမျိုး။
Dopamine ထွက်နှုန်းကို မယှဉ်နိုင်ပေမဲ့လည်း ဘာမှမလုပ်တာထပ်တော့ အဆင်ပြေစေတာအမှန်ပဲ။
အစားမထိုးလည်းရပါတယ်။ ဦးနှောက်က အချိန်တန်ရင် natural dopamine ထုတ်သင့်သလောက်ကို ပြန်ထုတ်ပေးတယ်။ မထုတ်ခင်မှာတော့ လူကနေရတာ ပျင်းရိစိတ်ပျက်တာမျိုးတော့ရှိတာပေါ့။
ဒီတော့ နေပျော်ဖို့အတွက် ဆေးပညာ နဲ့ anatomy နဲ့ သက်ဆိုင်တဲ့ ဘက်ကနေ ကြိုးစားကြည့်ကြရအောင်လား။
It’s time to consciously choose activities that stimulate dopamine, the so-called “happiness hormone,” with purpose.
Why?
If we don’t make these choices intentionally, it becomes difficult to find joy in our everyday lives. For example:
– Only feeling comfortable after scrolling on your phone.
– Needing alcohol to be chatty and feel happy.
Without these substances, people might start to feel down. As their use becomes routine, even though we initially call them “Happy Hormones,” they don’t bring true joy. Yet, not using them makes life feel empty. This behavior is essentially an addiction.
The best approach is maintaining balance. Replacing these habits with activities that naturally boost dopamine is even better.
Here’s an overview of dopamine release levels associated with different activities:
– Drugs (e.g., Cocaine, Meth) – 400%
– Alcohol – 200%
– Physical connection – 200%
– Consuming sugary or fatty foods – 150%
– Using social media, playing games – 100%
– Meditation and relaxation activities – 65%
– Natural benefits (e.g., sun exposure, exercise) – 50%
This is why, after completing an activity, it’s beneficial to replace it with something productive. For example:
– Instead of drinking coffee, try exercising.
– Instead of gaming, try reading.
Although alternative activities may not produce the same level of dopamine release, doing nothing often exacerbates negative feelings. Substitution isn’t always necessary, as the brain will, over time, naturally produce the appropriate amount of dopamine when needed. However, before this occurs, individuals may experience feelings of boredom or dissatisfaction.
With that in mind, shall we explore ways to enhance happiness from the perspective of medical science and anatomy?
#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur
