Skip to main content

Su Phone Mo

စဉ်းစားကြည့်ရင် နေရမဲ့ ရက်က များများစားစားရှိတာမဟုတ်ဘူး။
ဘ၀ရဲ့ ပထမဆုံး ၁၀နှစ်ကလည်း ကုန်မှန်းမသိကုန်ခဲ့ပြီးပြီ။
Teenage ဘ၀ကလည်း မသိတာတွေ စသိခါစအရွယ်။
တကယ် ရေကုန်ရေခမ်း ကြိုးစားလို့ရတဲ့ အချိန်က အသက် ၂၀ ကနေ ၅၀ ထိ ။
သိပ်ပြီး အချိန်က များများစားစားရတာမဟုတ်ဘူး။
သိတဲ့အတိုင်း ၁၀နှစ်ဆိုတာ တကယ့်ကို ခဏလေးပဲ။
အဲ့မှာမှ ဆေးပညာအရ အသက် ၃၀မှာ ခန္ဓာက စ Decline ဖြစ်တယ်။
အားကစားလိုက်စားရင် Muscle နဲ့ Cardiovascular System ကို ကောင်းမွန် ဖွံဖြိုးအောင်လုပ်တဲ့သူက Longevity မှာ သူများထပ် သာတဲ့အတွက် အသက် ၅၀ထိလို့ တွက်လို့ရတယ်။
အဲနောက်ပိုင်းမှာ တော့ အသက် ၂၀အရွယ်ဝန်းကျင်လောက်ကလိုတော့ စိတ်က ရှိရင်တောင် ခန္ဓာ က ပင်ပန်းနေနိုင်တယ်။ တာဝန်ယူစရာတွေ ၊ ငဲ့စရာတွေ ၊ ကိုယ်ဆိုတာထပ်အရေးကြီးတာတွေကို စဉ်းစားရတဲ့အချိန်ဖြစ်သွားပြီ။
ကိုယ့် နောက် မျိုးဆက်အတွက် အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တပင်လိုဖြစ်နေဖို့ နဲ့ ပုံမှန် ကိုယ်လုပ်ချင်တာတွေအတွက်အချိန်ပေးလုပ်ရမဲ့ အရွယ်လို့မြင်တယ်။
အဲ့မှာမှ ၇၀၊၈၀ ဆိုတဲ့ အရွယ်ရောက်ရင် ကိုယ်တသက်လုံး ရင်းနှီးမြုပ်နှံမှုတွေရဲ့ ရလဒ်ကို ခံစားရတဲ့အချိန်ပဲ။
မိသားစု ကို အချိန်ပေးရင်းနှီးမြုပ်နှံ ထားရင် မိသားစု အနားမှာရှိမယ်။
ကျန်းမာရေးကိုတသက်လုံး စောင့်လျှောက်လာတဲ့သူက အဲအချိန်မှာ ပျော်ရွှင်ရမယ်။
အသက် ၉၀ ထိ နေရတဲ့သူတွေကတော့ Bonus ပါပဲ။
အဲမှာမှ ကျန်းမာပျော်ရွှင် ရတဲ့ လူကြီးတယောက် ဖြစ်ဖို့ဆိုရင်တော့ နေ့ရက်တိုင်းမှာ ရည်ရွယ်ချက်နဲ့ အခုထဲကနေထိုင်သင့်တယ်။

များများစားစား ရှောင်ရန်၊ ဆောင်ရန်မဟုတ်ဘူး။
နေ့စဉ်ဘ၀မှာ သေးငယ်တဲ့ အလေ့အကျင့်လေးတွေကို လုပ်ဆောင်မွေးမြူနေဖို့ပဲလိုတယ်။
– အတွေးကျန်းမာဖို့ သင်ယူမှုအမှန်တွေ ခေါင်းထဲပါ။
– ခန္ဓာကျန်းမာဖို့ ခန္ဓာကို အဆိပ်အတောက်ဖြစ်စေတဲ့ အကျင့်စရိုက် ၊ စားသောက်မှုပုံစံ တွေကို အမြဲမလုပ်ပါနဲ့။
– အရေးကြီးတဲ့ Relationship တွေမှာရင်းနှီးမြုပ်နှံပါ။
– ဝမ်းစာဖြည့်ပြီး မှီခိုစရာမလိုလောက်မဲ့ Financial Investment / Income Mainstream ကို ရှာနိုင်ချိန်မှာထဲက စဉ်းစားပြင်ဆင်ထားပါ။
– တနေ့ကို ၁၅မိနစ်လောက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပေးပါ။

ရည်ရွယ်ချက်ရှိတဲ့ဘ၀ပုံစံကို ဖန်တီးနိုင်ကြပါစေ။

When you think about it, there really aren’t that many days to live.
The first 10 years of life pass by without us even realizing it.
Teenage years are spent starting to learn and understand new things.
The period when you can truly strive and push yourself is between the ages of 20 and 50.
It isn’t an abundance of time.
As we know, a decade passes in the blink of an eye.
Medically speaking, the body begins to decline around the age of 30.
For those who stay active and maintain their muscle and cardiovascular health through exercise, their vitality can extend up to around the age of 50.

Beyond that point, even if the mind is willing, the body may start to feel more fatigued.
This becomes a time filled with responsibilities, empathy, and reflecting on one’s priorities.
It’s seen as an age where you become a source of support for the next generation and focus on doing what you genuinely want to do.

By the time you reach 70 or 80, it’s a period when you reap the results of all the investments you’ve made throughout your life.
If you’ve invested time in your family, they will be by your side.
Those who have maintained their health throughout their lives will find happiness during this time.
Living up to the age of 90 is like receiving a bonus.
To be a healthy, happy elder by then, you need to live each day with intention starting now.

It’s not about avoiding or seeking many things.
It’s about practicing small, consistent habits in daily life that make a difference in the long run.

– Embrace true learning to cultivate a healthy mindset.
– To maintain physical health, avoid habits and dietary practices that could harm your body.
– Invest in meaningful relationships.
– Plan and prepare early to establish a reliable financial investment or income stream that supports you independently.
– Dedicate at least 15 minutes a day to physical activity or exercise.

May you create a life filled with purpose.

#suphonemovlog #curiousinsighter
#burmesecommunity #burmesebooksummary
#burmeseinsighter #burmeseentrepreneur

Leave a Reply