🔵စာအုပ်ကောင်းကောင်း စာအုပ်တောင်း🔵
ဘယ်စာအုပ်ကို ဒီတပတ်အတွက် အကျဉ်းချုပ်ပေးရမလဲ ဆို Comment မှာ ရွေးချယ်ပေးပါဦးနော်။
1) Marketing 5.0
Marketing 5.0 စာအုပ်မှာ Philip Kotler က Digital Transformation ရဲ့ ခေတ်မှာ AI, Big Data, Automation စတဲ့ နည်းပညာတွေကိုသုံးပြီး Human-Centric Marketing လုပ်နည်းကို ရှင်းပြထားပါတယ်။ Technology နဲ့ Humanity ကိုပေါင်းစပ်ကာ လူတွေရဲ့အတွေ့အကြုံတွေကို အခြေခံထားတဲ့ စျေးကွက်ရှာနည်းများကို ရေးသားဖော်ပြထားပါတယ်။
2) The Diary of a CEO: The 33 Laws of Business and Life
The Diary of a CEO: The 33 Laws of Business and Life ဆိုတဲ့စာအုပ်မှာ Steven Bartlett က စီးပွားရေးနဲ့ ဘဝမှာ အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ mindset, habits, လုပ်ဆောင်ရမယ့် လမ်းစဉ် ၃၃ ခုကို အတွေ့အကြုံနဲ့ပေါင်းစပ်ပြီးရှင်းပြထားပါတယ်။ သူ့ရဲ့ life lessons တွေက “success ကို တဖြည်းဖြည်းနဲ့ တည်ဆောက်ဖို့” အကြောင်းပြောပြနေပြီး၊ ပုံမှန် ကျော်လွှားဖို့အတွက် လေ့လာသင့်တဲ့ အချက်တွေကိုအဓိက ရေးသားထားပါတယ်။
3) Good to Great
Good to Great စာအုပ်က ပုံမှန်ကောင်းမွန်တဲ့ကုမ္ပဏီတွေကို Great ကုမ္ပဏီတွေဖြစ်အောင်ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ strategy တွေနဲ့ မဟာဗျူဟာတွေကို ဖော်ပြပေးထားတာပါ။ ဒီအတွက် right people ရွေးချယ်တာ၊ strong leadership ဖြစ်အောင်လုပ်တာနဲ့ disciplined planning လုပ်တာတို့ အရေးကြီးတယ်လို့ ရေးသားဖော်ပြထားပါတယ်။
#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur
