
ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ စဉ်းစားတိုင်း အမြန်ဆုံးနည်းလမ်းကိုပဲ စဉ်းစားဖြေရှင်းချင်ကြမှာပဲ။ ဒီအတွက် ပြဿနာဖြေရှင်းနည်း framework တစ်ခု share ပေးလိုက်တယ်။
၁။ Objectivity (ဓမ္မဓိဋ္ဌာန်ကျမှု)
လက်တွေ့လုပ်ဆောင်ရန်:
• ကိုယ်ပိုင်အမြင်တွေကို ခဏဖယ်ထားပါ
• data နဲ့ facts တွေကိုပဲ အာရုံစိုက်ပါ
• မှတ်တမ်းတွေ ထားရှိပါ
ဥပမာ
❌ “ဒါက ဝန်ထမ်းတွေ စည်းကမ်းမလိုက်နာလို့”
✅ “ဘယ် data တွေက ဒီပြဿနာကို ပြနေလဲ ကြည့်ရအောင်”
၂။ Direct Observation (တိုက်ရိုက်လေ့လာခြင်း)
အရေးကြီးမှတ်စု
• secondhand information ကို မယုံပါနဲ့
• ပြဿနာဖြစ်တဲ့နေရာကို ကိုယ်တိုင်သွားပါ
• မှတ်စုတွေ ရေးမှတ်ပါ
၃။ Delayed Problem-Solving
ဒီအချက်က အရေးအကြီးဆုံးပါ။ “ပြဿနာကို နားလည်ဖို့က အဖြေရှာတာထက် ပိုအရေးကြီးတယ်”
• ပြဿနာကို အရင်နားလည်အောင်လုပ်ပါ
• Research time ကို လုံလုံလောက်လောက်ယူပါ
Daily Routine:
• Morning: ပြဿနာကို observe လုပ်
• Afternoon: data စုဆောင်း
• Evening: pattern တွေကို analysis လုပ်
၄။ Fact-Based Analysis (သက်သေအထောက်အထားနဲ့ ချဉ်းကပ်ပါ)
လုပ်ဆောင်ရမယ့် steps:
• Cause & Effect diagram ဆွဲပါ
• သက်သေ တွေကို စုဆောင်းပါ
• ထင်မြင်ယူဆချက်တွေ မလုပ်ပါနဲ့
ဥပမာ
Before: “စက်ပျက်တာ maintenance မလုပ်လို့”
After: “Last 30 days data အရ maintenance skip လုပ်တဲ့ရက်တွေမှာ 80% breakdown ဖြစ်”
၅။ Persistent Questioning (Why ကို မရပ်မနား မေးပါ)
5-Why Analysis နည်းစနစ်:
• ပထမအဖြေရရင် ထပ်မေးပါ
• deeper causes တွေကို ရှာဖွေပါ
• pattern တွေကို သတိထားပါ
Example Analysis:
• သောက်ရေစက် ပျက်နေတယ် (Why?)
• Filter ပိတ်နေလို့ (Why?)
• အနည်အနှစ်များလို့ (Why?)
• ရေစစ်တာ မလုံလောက်လို့ (Why?)
• Pre-filter system မရှိလို့ (Why?)
Practical Exercise:
နောက်တစ်ခါ ပြဿနာတစ်ခုတွေ့ရင် –
1. ကိုယ်တွေ့ကြုံနေရတဲ့ ပြဿနာကို ရေးချပါ
2. 5-Why analysis လုပ်ပါ
3. Evidence တွေကို မှတ်တမ်းတင်ပါ
4. Solution မရှာခင် 24 နာရီ စောင့်ကြည့်ပါ
Pro tip: “ပြဿနာကို သေချာနားလည်ခြင်းက solution ရဲ့ တစ်ဝက်ဖြစ်တယ်”
____________
When thinking about how to solve problems, most people tend to look for the quickest solution. To address this, here’s a problem-solving framework to guide you:
1. Objectivity (Staying Neutral and Fact-Based)
Steps to Take:
– Set aside your personal opinions temporarily.
– Focus solely on data and facts.
– Keep detailed records.
Example:
❌ “This happened because employees didn’t follow the rules.”
✅ “Let’s review the data to identify what caused this issue.”
2. Direct Observation
Key Notes:
– Don’t rely on secondhand information.
– Visit the problem area yourself.
– Take notes during your observations.
3. Delayed Problem-Solving
This is the most important point: “Understanding the problem is more important than rushing to find a solution.”
– Focus on understanding the problem first.
– Allocate sufficient time for research.
Daily Routine:
– Morning: Observe the problem.
– Afternoon: Collect data.
– Evening: Analyze patterns.
4. Fact-Based Analysis (Approach with Evidence)
Steps to Take:
– Create a cause-and-effect diagram.
– Collect evidence to support your findings.
– Avoid jumping to conclusions or assumptions.
Example:
– Before: “The machine broke down because of poor maintenance.”
– After: “According to the last 30 days of data, 80% of breakdowns occurred on days when maintenance was skipped.”
5. Persistent Questioning (Never Stop Asking “Why”)
Using the 5-Why Analysis:
– When you get the first answer, ask “Why?” again.
– Dig deeper to uncover root causes.
– Pay attention to recurring patterns.
Example Analysis:
– The water filter is broken. (Why?)
– The filter is clogged. (Why?)
– There’s too much sediment. (Why?)
– The filtration process is inadequate. (Why?)
– There’s no pre-filter system. (Why?)
Practical Exercise:
Next time you face a problem:
– Write down the problem you’re dealing with.
Conduct a 5-Why analysis.
– Record the evidence.
– Observe the problem for 24 hours before deciding on a solution.
Pro Tip: “Thoroughly understanding a problem is half the solution.”
#ProblemSolving #SPPS #CriticalThinking #BusinessStrategy #suphonemo #curiousinsighter
