ဒီစကားကိုပြောလိုက်ရင် တစ်ယောက်နဲ့တစ်ယောက်ကတော့ အတွေးတူမှာမဟုတ်ဘူး။
– လုပ်စရာတွေအများကြီးရှိနေလို့ စိတ်ညစ်တဲ့သူလည်းရှိတယ်။
– လုပ်စရာတွေရှိနေသေးလို့ ပျော်တဲ့သူလည်းရှိမယ်။
ဘယ်သူမဆို အဲ့အခြေအနေ (၂) ခုလုံးကိုလည်း ရောက်နိုင်တယ်။
တချို့ရက်တွေက တော်တော်အဆင်မပြေနေရင် ကိုယ်လုပ်ရမှာတွေကို စိတ်ညစ်လာတတ်ကြတာပဲ။ လုပ်သမျှ ဖြစ်စေချင်သလို ဖြစ်တဲ့အချိန်တွေမှာလည်း လူတွေက အလုပ်လုပ်ရတာကို ခုံမင်လာလိမ့်မယ်။
ဘာဖြစ်ဖြစ် ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ် စိတ်ညစ်တာတွေပြီးရင် အဖြေရှာပြီးလုပ်စရာတွေ ပြန်လုပ်ရမဲ့အချိန် ဖြစ်သွားပြီ။ အဲ့လိုမလုပ်ထားရင် လုပ်စရာတွေများလာလေ စိတ်ညစ်လာရလေ ဆိုတာပဲ ကြုံနေရလိမ့်မယ်။
လုပ်ချင်ချင် မလုပ်ချင်ချင် အဖြေက လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အရာတွေ လုပ်ပြီးနောက်မှ တော်ရုံ ပြဿနာလောက်က ပြဿနာလို့ကို မခေါ် တော့ပဲ အဖြေပဲရှာတတ်တဲ့ Mental Model ကို တည်ဆောက်လာနိုင်လိမ့်မယ်။
ကိုယ့်ရဲ့အတွေးပြောင်းရင် စွမ်းအင်ပြောင်းတယ်။ စွမ်းအင်ပြောင်းရင် လုပ်နိုင်စွမ်းပြောင်းမယ်။ လုပ်နိုင်စွမ်းပြောင်းရင် အလုပ်ဖြစ်တဲ့ရလဒ်များမယ်။ ရလဒ်များရင် ကိုယ်ရွေးချယ်ချင်တဲ့ ဘ၀ပုံစံကို တည်ဆောက်လာနိုင်လေပါပဲ။
“There’s still a lot left to do in life.”
When this statement is made, it doesn’t mean the same thing to everyone.
– Some people feel stressed because they have so much to do.
– Others feel happy because they are grateful for having things left to do.
Anyone can experience both of these situations. On days when things are not going well, people often feel overwhelmed by their tasks. When everything goes as planned, people can also enjoy the work they have to do.
In any case, once you get over being stressed about things you can’t control, it’s time to find a solution and get back to your tasks. If you don’t do that, the more tasks pile up, the more stressed you’ll feel.
Whether you like it or not, solving problems and getting tasks done will eventually lead to a mindset where problems are no longer seen as problems but as things to be solved.
When you change your mindset, your energy changes. When your energy changes, your ability to get things done changes. When your ability to get things done changes, your work results will increase. And when you achieve more results, you’ll be able to build the life you want.
