မေတ္တာ ဆိုတာ ပေးရုံသာသာ မဟုတ်ဘူး — ပြည့်နေမှ လျှံတာ။
လူတွေက မေတ္တာကို “ပေးရမယ့်အရာ” လို့ မြင်ကြတယ်။ ဒါကြောင့် ပေးရင်း ပင်ပန်းလာတယ်။ ပေးရင်း ကုန်ခမ်းလာတယ်။ ပေးရင်း “ငါဘာလို့ ဒီလောက်ပေးနေရတာလဲ” ဆိုပြီး ခါးသီးလာတယ်။
တကယ်တော့ မေတ္တာဆိုတာ ကုန်ခမ်းနိုင်တဲ့ အရာ မဟုတ်ဘူး။ ကုန်ခမ်းနေတယ်ဆိုရင် ဒါ မေတ္တာ မဟုတ်ဘူး။ တဏှာ ဒါမှမဟုတ် expectation တစ်ခုခု ပါနေတာ။
ဗုဒ္ဓက မေတ္တာကို “အပ္ပမာဏ” လို့ ခေါ်တယ်။ တိုင်းတာလို့ မရတဲ့ စိတ်။ Unlimited။ ဒါပေမယ့် unlimited ဖြစ်ဖို့ဆို source က ကိုယ့်ထဲမှာ ပြည့်နေရမယ်။
ကိုယ့်ကိုယ်ကို မေတ္တာ မထားနိုင်တဲ့သူက သူများကို ထားတယ်ဆိုတာ sacrifice ဖြစ်သွားတယ်။ Sacrifice ကြာရင် resentment ဖြစ်လာတယ်။ Resentment ဖြစ်ရင် ဆက်ဆံရေး ပျက်တယ်။
ဒါကြောင့် sequence က အရေးကြီးတယ်။
ကိုယ့်ကိုယ်ကို အရင် ဖြည့်ပါ။
ကိုယ့် ခန္ဓာကို ဂရုစိုက်ပါ။
ကိုယ့် စိတ်ကို နားလည်ပေးပါ။
ကိုယ့် boundary ကို သိပါ။
ပြည့်မှ လျှံမယ်။
လျှံတာက သဘာဝကျတယ်။
အတင်းပေးနေစရာ မလိုဘူး။
ရေက အပြည့်ရှိတဲ့ ခွက်ကနေ သူ့အလိုလို လျှံကျသလိုပဲ။
မေတ္တာက ပြည့်နေတဲ့ စိတ်ကနေ သူ့ဘာသာ စီးဆင်းတာ။
ဆုအတွက်တော့ self-love ဆိုတာ selfish ဖြစ်တာ မဟုတ်ဘူး။ ဒါက မေတ္တာရဲ့ foundation ပဲ။
Metta isn’t something you give—it’s something that overflows. Fill yourself first. Self-love isn’t selfish; it’s the foundation of true compassion.
#SuPhoneMo #CURI #Metta #Compassion #SelfLove #BuddhistWisdom #Myanmar