Skip to main content

Su Phone Mo

ဦးနှောက်က ဘာဖြစ်လာမယ်ဆိုတာကို မသိစိတ်ကရော၊ သိစိတ်ကပါ အမြဲခန့်မှန်းနေတယ်။

ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေထဲမှာ အံ့ဩစရာအကောင်းဆုံးက သိစိတ်၊ မသိစိတ်နှစ်ခုလုံးကနေ အနာဂတ်ကို အမြဲခန့်မှန်းနေခြင်းပဲ ဖြစ်ပါတယ်။
ဒီခန့်မှန်းမှုတွေက ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါ့အပြင် ကိုယ်တွေရဲ့ ခံစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေကိုပါ လွှမ်းမိုးနေပါတယ်။

ခန့်မှန်းမှုတွေက ဘာကြောင့် အရေးကြီးတာလဲ?
ဘယ်လိုအလုပ်လုပ်နေတာလဲ?
ကိုယ်တွေရဲ့ဘဝကို ဘယ်လိုသက်ရောက်မှုရှိနေလဲ?

ဦးနှောက်ရဲ့ ခန့်မှန်းမှုစနစ်က စွမ်းအင်ကို ထိရောက်စွာ သုံးစွဲနိုင်ဖို့အတွက် အရေးပါပါတယ်။ တစ်စက္ကန့်ချင်းစီမှာ ဘာဖြစ်လာမယ်ဆိုတာကို ခန့်မှန်းပြီး ကြိုတင်ပြင်ဆင်ထားခြင်းက ကိုယ်တွေရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိန်းညှိပေးနေပါတယ်။

ဥပမာ။ ရေနွေးကြမ်းခွက်ကို ကိုင်တဲ့အခါ ဦးနှောက်က ပူနွေးမှုကို ကြိုခန့်မှန်းပြီး လက်ကို သတိထားကိုင်တွယ်ဖို့ အချက်ပေးပါတယ်။
နောက်တစ်ခုက – လှေကားဆင်းတဲ့အခါ နောက်တစ်ထစ်ရဲ့အမြင့်ကို ခန့်မှန်းပြီး ခြေလှမ်းကို အလိုအလျောက်ညှိပေးတာမျိုးပါ။

ဒီလိုခန့်မှန်းမှုစနစ်ကို သိရှိနားလည်ထားတော့….
• ကိုယ်တွေရဲ့ မျှော်လင့်ချက်တွေကို ပိုမိုထိန်းချုပ်နိုင်လာမယ်။ ဥပမာ – အလုပ်တစ်ခုရဲ့ရလဒ်ကို အလွန်အကျွံမျှော်လင့်မိတာမျိုး လျှော့ချနိုင်မယ်။

• စိတ်ဖိစီးမှုတွေကို ပိုကောင်းကောင်း စီမံခန့်ခွဲနိုင်လာမယ်။ မျှော်လင့်ထားတာနဲ့ လက်တွေ့မကိုက်ညီတဲ့အခါ ဘာကြောင့်စိတ်ညစ်ရတာလဲဆိုတာ နားလည်လာပြီး ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်နိုင်မယ်။

• အပြောင်းအလဲတွေကို ပိုကောင်းကောင်း လက်ခံလာနိုင်မယ်။ ဦးနှောက်က အမြဲတမ်း ခန့်မှန်းနေတယ်ဆိုတာသိတဲ့အခါ၊ တချို့ခန့်မှန်းချက်တွေ မှားနိုင်တယ်ဆိုတာကို လက်ခံလာနိုင်မယ်။

ပိုပြီး ဒီလို ခန့်မှန်း တတ်တဲ့ စိတ်ကို မြှင့်တင်ချင်တယ်ဆိုရင်…

မနက်မှာ ဒီနေ့ဘာတွေဖြစ်မယ်လို့ ခန့်မှန်းထားလဲ မှတ်သားထားပါ။ ညနေမှာ ဘာတွေတကယ်ဖြစ်ခဲ့လဲ နှိုင်းယှဉ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ခန့်မှန်းမှုတွေ ဘယ်လောက်တိကျလဲ သိလာမယ်။ မတိကျရင် ဘာကြောင့်လဲ ဆန်းစစ်မိတယ်။

ဒါ့အပြင်….

“ဒါပြီးရင် ဘာဖြစ်မလဲ” ဆိုတဲ့ လေ့ကျင့်ခန်း ကို လုပ်ပါ။
ဘယ်လိုလဲဆိုတော့
ဥပမာ –
• ဒီအီးမေးလ်ပို့လိုက်ရင် တစ်ဖက်က ဘယ်လိုတုံ့ပြန်မလဲ
• ဒီစကားပြောလိုက်ရင် သူဘယ်လိုခံစားရမလဲ

ဒီလေ့ကျင့်ခန်းတွေက ပုံမှန်ဖြစ်နေတဲ့ ခန့်မှန်းမှုစနစ်ကို ပိုကောင်းအောင် လုပ်ပေးနိုင်ပြီး၊ ဆုံးဖြတ်ချက်ချတာတွေ၊ ဆက်ဆံရေးတွေမှာ ပိုကောင်းတဲ့ရလဒ်တွေ ရစေနိုင်တယ်။

ကိုယ့်အကြောင်း ကိုပိုသိအောင် ဒီနေ့က စပြီး ခန့်မှန်းကြည့်ပါ။
__________
How the Brain Predicts the Future
The brain is constantly making predictions about what will happen next—both consciously and subconsciously.

One of its most fascinating functions is the ability to continuously anticipate the future using both the conscious and subconscious mind. These predictions play a crucial role in daily life, influencing emotions and decision-making processes.

Why Are Predictions Important?
How do they work?
How do they impact our lives?
The brain’s prediction system is essential for efficient energy use. By anticipating what will happen next every second, it prepares both the body and mind for upcoming events.

Examples of Brain Predictions
🔹 When picking up a hot cup, the brain predicts the warmth and signals the hand to grasp it carefully.
🔹 While walking down the stairs, the brain estimates the height of the next step and automatically adjusts movement.

Benefits of Understanding This System
✅ Manage expectations – Reduce unrealistic hopes, such as over-expecting results from a task.
✅ Handle stress better – When reality doesn’t match expectations, understanding why can help manage emotions and find better solutions.
✅ Adapt to change – Knowing that the brain is always making predictions allows us to accept that some may be wrong, making it easier to handle unexpected situations.

How to Strengthen Predictive Thinking
📝 Morning Reflection: Before your day begins, predict what might happen. At night, compare it with reality. This helps assess how accurate your expectations are and analyze any discrepancies.

🤔 Ask, “What happens next?”
Practice thinking ahead by asking yourself:

If I send this email, how will the other person respond?
If I say this, how will they feel?
This habit enhances natural prediction abilities, leading to better decision-making and stronger relationships.

Start today—observe your thoughts, test your predictions, and gain deeper self-awareness!

#MindPower #BrainFunction #PredictiveThinking
#SelfAwareness #Suphonemovlog #CuriousInsighter

Leave a Reply