Skip to main content

Su Phone Mo

ဘဝမှာ အတင်းပျော်အောင်ချည်း မနေပါနဲ့။ လောကဓံကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ် တည်ဆောက်ကြရအောင်။

လူတိုင်းမှာ ဝမ်းနည်းမှု၊ စိတ်ဒုက္ခရှိတာ သဘာဝပါ။ ဒါပေမယ့် အဲဒီဒုက္ခတွေကို ဘယ်လို အသုံးချမလဲဆိုတာက ပိုအရေးကြီးတယ်။ Gym မှာ weight လေးတဲ့အခါ ကြွက်သားတွေ ပိုကြီးလာသလိုပဲ၊ စိတ်ကလည်း ဒုက္ခတွေ၊ အခက်အခဲတွေ ကျော်ဖြတ်တိုင်း ကိုယ့်ရဲ့စိတ်ဓာတ်က ပိုခိုင်မာလာတယ်။

ခြောက်တိုင်းလည်း မကြောက်တော့ဘူး။
မြှောက်တိုင်းလည်း မမြောက်တော့ဘူး။
ဒီလို လောကဓံကို တုံ့ပြန်လာတယ်။

ဒါကြောင့် ပျော်ရွှင်မှုကို တိုက်ရိုက်မလိုက်ရှာဘဲ၊ ကိုယ့်ဘဝကို ပိုကောင်းအောင် တည်ဆောက်တာက ပိုအရေးကြီးတယ်။

ဘယ်လိုတည်ဆောက်မလဲ?

– ရည်ရွယ်ချက်ရှိရှိ နေထိုင်ပါ (Spiritual)
– ကိုယ်စိတ်နှစ်ပါး ကျန်းမာအောင် ဂရုစိုက်ပါ (Physical)
– အသစ်အသစ်တွေ လေ့လာပါ (Intellectual)
– ရင်းနှီးတဲ့သူတွေနဲ့ အချိန်ပေးပါ (Relationship)
– ကျေးဇူးတင်စိတ်၊ အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ (Emotional)

ဒီလိုနဲ့ ဘဝထဲက အခက်အခဲတွေကြားက စစ်မှန်တဲ့ပျော်ရွှင်မှုကို တွေ့ရှိလာမှာပါ။
___________
Don’t Force Yourself to Be Happy—Build the Strength to Face Life’s Challenges

Sadness and struggles are a natural part of life. But what truly matters is how we respond to them. Just as lifting weights at the gym strengthens your muscles, overcoming hardships builds resilience. Each challenge you face makes you mentally stronger.

You won’t fear criticism anymore.
You won’t be shaken by praise either.
You’ll develop the mindset to navigate life with balance and strength.
Instead of chasing happiness directly, focus on building a fulfilling life—and happiness will naturally follow.

How to Build a Stronger Life
✔ Live with purpose (Spiritual)
✔ Take care of your body and mind (Physical)
✔ Keep learning and growing (Intellectual)
✔ Invest time in meaningful relationships (Social)
✔ Cultivate gratitude and a positive mindset (Emotional)

By embracing this mindset, you’ll find true happiness—not by avoiding hardships, but by growing through them.

#Antifragile #Growth #Happiness #Resilience
#Suphonemovlog #CuriousInsighter

Leave a Reply