Skip to main content

Su Phone Mo

ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရင် ငါ ဆိုတာ ဘယ်သူဖြစ်မလဲ။
လူတွေဟာ ပိုင်ဆိုင်မှုတွေပေါ်မှာ အားကိုးပြီး မိမိရဲ့တန်ဖိုးကို သတ်မှတ်လေ့ရှိကြတယ်။
⁃ ငွေလား။
⁃ လူပုဂ္ဂိုလ်လား။
⁃ Status လား။
⁃ အလုပ်အကိုင်လား။
စသည်ဖြင့်ပေါ့။
ဒါပေမယ့် ပိုင်ဆိုင်မှုဆိုတာ အချိန်မရွေး ဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ အနှစ်သာရ၊ တန်ဖိုးထားမှုတွေ၊ အခြေအနေတိုင်းကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည်တွေအပေါ် အာရုံစိုက်ဖို့ လိုအပ်ပါတယ်။
ဒါဆို ဘာတွေကို အာရုံထားမလဲ???

• ပြောင်းလဲမှုကို လက်ခံတတ်ဖို့နဲ့ အခွင့်အလမ်းအသစ်တွေအဖြစ် မြင်တတ်နိုင်တဲ့ အမြင်။
• မရှောင်လွှဲနိုင်တဲ့ အခြေအနေတွေကို လက်ခံပြီး ရှေ့ဆက်တတ်တဲ့ စိတ်။
• ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို အခြေအနေသစ်တွေမှာ အသုံးချတတ်ဖို့။
• ကိုယ့်ရဲ့တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့ ဘဝပန်းတိုင်အသစ်တွေ ချမှတ်တတ်ဖို့
• အပြောင်းအလဲတွေကြားမှာ တည်ငြိမ်မှုကို ထိန်းသိမ်းတတ်ဖို့။
• ကိုယ့်ရဲ့ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လိုအခြေအနေရောက်ရောက်ပြန်ရှာဖွေနိုင်စွမ်း။
ဒီအချက်တွေ သင်ယူ၊ လက်ခံ၊ လုပ်ဆောင်ဖို့လိုမယ်။
ပြောင်းလဲမှုဆိုတာ မရှောင်လွှဲနိုင်ပါဘူး။ ပိုင်ဆိုင်မှုတွေပေါ်မှာပဲ အားကိုးမယ်ဆိုရင် စိတ်ဒုက္ခရောက်ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့စစ်မှန်တဲ့ တန်ဖိုးတွေနဲ့ စွမ်းရည်တွေကို ပိုမိုအာရုံစိုက်ပြီး၊ ပြောင်းလဲမှုတွေကို အခွင့်အလမ်းအသစ်တွေအဖြစ် မြင်တတ်အောင် လေ့ကျင့်ကြရအောင်။
_________
Who Am I Without My Possessions?
People often define their self-worth based on what they own:
⁃ Money?
⁃ Social status?
⁃ Job title?
⁃ Personal relationships?

But possessions can be lost at any moment. That’s why it’s crucial to focus on your core values and your ability to navigate life’s challenges.

So, what should we prioritize?

🔹 Embracing change – Seeing challenges as opportunities for growth.
🔹 Accepting the inevitable – Moving forward despite what’s beyond our control.
🔹 Adapting skills – Applying your expertise to new situations.
🔹 Setting meaningful goals – Aligning life’s purpose with your core values.
🔹 Finding inner stability – Maintaining peace amidst uncertainty.
🔹 Rediscovering passion – Engaging in what truly fulfills you, no matter the circumstances.

Change is inevitable. If we tie our identity solely to possessions, we risk losing ourselves when they’re gone. Instead, let’s anchor our worth in our true values, strengths, and the possibilities that change brings.

#SelfWorth #EmbraceChange #InnerStrength
#PersonalGrowth #Suphonemovlog #CuriousInsighter

Leave a Reply