
Information တွေ သိပ်များတဲ့ ခေတ်မှာ အမှန်တရား (Reality) ကို ဘယ်လို ခွဲခြားစိတ်ဖြာမလဲ။
ဒီနေ့ခေတ်မှာ သတင်းအမှား၊ အမှန်တွေ ရောထွေးနေတဲ့ အချိန်ပါ။ လူတိုင်းလိုလို သတင်းတွေ၊ အချက်အလက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါပေမယ့် ဘယ်ဟာက တကယ့်အမှန်တရားလဲ။
အမှန်တရားလို့ ခေါင်းစဉ်တပ်မယ်ဆို Yuval Noah Harari က (၃)ပိုဒ် ခွဲပြီးဖော်ပြထားတယ်။
Objective reality (သဘာဝအမှန်တရား)
Subjective reality (တစ်ဦးချင်း အမှန်တရား)
Intersubjective reality (လူအများ ယုံကြည်လက်ခံထားတဲ့ အမှန်တရား)
Objective reality (သဘာဝအမှန်တရား) ဆိုတာ
လူတွေ သိသိ မသိသိ တည်ရှိနေတဲ့ အရာတွေပါ။ နေထွက်တာ၊ မိုးရွာတာ၊ လေတိုက်တာတွေဟာ လူတွေ မသိခင်ကတည်းက ရှိနေခဲ့ပါတယ်။ ဒီလိုပဲ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဥပဒေသတွေဟာလည်း လူတွေ မသိခင်ကတည်းက တည်ရှိနေခဲ့တာပါ။
Subjective Reality (တစ်ဦးချင်း အမှန်တရား) ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ အသိစိတ်ထဲမှာပဲ တည်ရှိပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ အတွေးအမြင်၊ ခံစားချက်နဲ့ ယုံကြည်မှုတွေပါ။ တစ်ယောက်က ကြိုက်တဲ့အရသာကို နောက်တစ်ယောက်က မကြိုက်နိုင်သလို၊ တစ်ယောက်အတွက် မှန်တဲ့အရာက နောက်တစ်ယောက်အတွက် မှားနေနိုင်ပါတယ်။
Intersubjective Reality (လူအများ ယုံကြည်လက်ခံထားတဲ့ အမှန်တရား) ဆိုတာဘာလဲဆိုတော့ ငွေကြေးစနစ်၊ နိုင်ငံတွေ၊ ဥပဒေတွေ၊ ဘာသာတရားတွေ အားလုံးဟာ လူတွေ စုပေါင်းယုံကြည်လက်ခံထားလို့ တည်ရှိနေတာပါ။ လူတွေ မယုံကြည်တော့ရင် ပျက်သုန်းသွားနိုင်ပါတယ်။
ကိုယ်တွေ ကြုံတွေ့နေရတဲ့ သတင်းအချက်အလက်တွေကို စိစစ်ဖို့ လိုပါတယ်။ ဒါဟာ သဘာဝအမှန်တရားလား၊ တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ချက်လား၊ လူအများ ယုံကြည်လက်ခံထားတဲ့ အယူအဆလားဆိုတာ ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။ မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်၊ အကြောင်းအရင်း ရှာဖွေတတ်တဲ့ စိတ်ဓာတ်တွေ ရှိမှ အမှန်တရားကို နားလည်နိုင်မှာ ဖြစ်ပါတယ်။
__________
How to Distinguish Reality in an Age of Information Overload
In today’s world, truth and misinformation are often intertwined. We are constantly bombarded with news and information, making it challenging to distinguish fact from fiction. So, how do we determine what is real?
According to Yuval Noah Harari, reality can be categorized into three types:
🔹 Objective Reality – Facts that exist independently of human perception, such as the sun rising, rain falling, or the laws of physics and chemistry.
🔹 Subjective Reality – Personal perceptions, emotions, and beliefs that vary from person to person. What feels true for one individual may not be the same for another.
🔹 Intersubjective Reality – Shared beliefs that exist because people collectively accept them, such as money, nations, laws, and religions. If people stop believing in them, they lose their significance.
In an era of overwhelming information, it’s crucial to think critically. Ask yourself:
✔️ Is this an objective fact?
✔️ Is it someone’s personal opinion?
✔️ Is it a widely accepted belief?
By developing a habit of questioning and seeking evidence, we can better navigate reality.
#CriticalThinking #RealityCheck #InformationOverload #MediaLiteracy #TruthMatters #ThinkForYourself
