
အလုပ်ဘယ်လိုလုပ်ရမလဲ သိရမှာဖြစ်သလို အနားဘယ်လိုယူမလဲလည်း သိဖို့လိုမယ်။
ကျွန်မကတော့ (၁)ပတ်၊ (၁)လ၊ (၃)လ ဆိုပြီး အမြဲ စနစ်တွေကို ထားတယ်။ ပြန်ပြန်ပြီး reset ချတာမျိုးလုပ်လေ့ရှိတယ်။
(၁)ပတ် အတွက် စနစ်တည်ဆောက်မယ်ဆိုရင်…
လုပ်စရာတွေကို ၁ပတ်တာ မှတ်ပြီး လုပ်ဖို့လိုမယ်။ ဘာလို့လဲဆိုတော့…
(၁)ပတ်မှာ (၁)ရက် ပြန် ဆန်းစစ်မဲ့ ရက် လိုအပ်တယ်။
ရလဒ်ဘယ်လိုလဲ သိဖို့လိုတယ်။
(၁)လ အတွက် စနစ်တည်ဆောက်မယ်ဆိုရင်…
(၁)ပတ်တာမှာ မှတ်ထားတာ ပြန်လိုတာပဲ။ ဒါ့အပြင် ထပ်လိုတာက ဒီ (၁) လ ကို ဘာအတွက် ဖြတ်သန်းမှာလဲ။ ဘာတွေ ပြီးမြောက်ချင်တာလဲ။ ဒါတွေလိုတယ်။
အဲ့အတွက် လ တလ မစခင် (၃)ရက်လောက်အလိုမှာ လိုချင်တာဘာလဲ ဆန်းစစ်ရမယ်။ လိုချင်တာရဖို့ ရက် ၃၀ / ၃၁ ရက် အတွက် ဘာတွေလုပ်ရမလဲ ခန့်ခွဲရမယ်။ ပြီးရင် မှတ်တမ်းထားရမယ်။ အရေးကြီးတာက တိုင်းတာလို့ရတဲ့ Goal ဖြစ်ရမယ်။
(၃) လ အတွက် စနစ်ထားမယ်ဆိုရင်…
ဒါက လိုချင်တာရဖို့ဆိုတာထပ် စိတ်ပိုင်းဆိုင်ရာ Preparation ဆိုပိုမှန်မယ်။
ငါ အရင်လ က လုပ်နေတာတွေက နောက် (၁)နှစ်မှာလုပ်ချင်တာနဲ့ ကိုက်ညီလားပြန်ဆန်းစစ်တာမျိုး။
ဥပမာ ။ ၂၀၂၄ ဒီဇင်ဘာလ တုန်းက Plan ထားတာက တခု။
အခု ရုတ်တရက် အခြေအနေ တွေကြောင့် တနှစ်လုံး အပြင် နောက် (၄)နှစ် မှာ လုပ်ရမှာတွေပါ မတူတော့ တာမျိုးတွေ ရှိလာတယ်။ အဲတာဆိုရင် ကိုယ် နှစ်စက ချမှတ်ထားတဲ့ goals တွေက မဖြစ်လာတော့ဘူးဆိုပြီး အဲ့ ချမှတ်ထားတဲ့ စနစ်ကို မကြိုက်တော့ဘူး။
မလုပ်ဖြစ်တော့ဘူး။
တကယ်တော့ စနစ်မကောင်းတာမဟုတ်ဘူး။
ဘယ် စနစ်မဆို….
ဘယ်အလုပ်မဆို…
အမြဲ Revision လိုတယ်။
အမြဲ ကိုက်ညီအောင် ဆန်းစစ်နေရတာပဲ။
တော်တော်များများတည်ငြိမ်နေတဲ့ ကာလတွေတုန်းကတော့ ၆လ (၁)ကြိမ် Mental Alignment နဲ့ စိတ်ကျေနပ်မှုကို ပြန်ပြန် ချိန်ညှိတယ်။ အခုကတော့ အမြဲ ပြောင်းလဲ နေရတဲ့ အခြေအနေ ကာလတွေဖြစ်လို့ (၃)လ (၁)ကြိမ် အပြောင်းအလဲ လုပ်ရပြန်တယ်။
ဒါတွေက ကိုယ်ပုံမှန်လုပ်ဖြစ်တဲ့ Reset ချတဲ့ ပုံစံပါ။
အသေးစိတ်တော့ ရှိတာပေါ့နော်။
ကိုယ့်ဟာကို မေးရတာတွေလည်းရှိတယ်။
tools တွေ အသုံးပြုရတာလည်းရှိတယ်။
ပြန်ပြန် ဆန်းစစ်မှုတွေလည်းရှိတယ်။
အသေးစိတ်ကတော့ နောက်ပိုင်း Exclusive Curious Insighter Community လုပ် ပြီး မျှဝေမယ်လို့စဉ်းစားထားတယ်။
စိတ်ဝင်စားရင် Comment မှာ Comment ပေးပါ။
ငွေကြေး အကုန်အကျမခံချင်ရင်တော့
အခုပြောထားတဲ့ content ကို copy ယူ၊
AI ကို ကိုယ့်တနေ့တာ နဲ့ ဘ၀ပုံစံကိုရှင်းပြပြီးတော့ Plan ဆွဲခိုင်းလဲရတာပါပဲ။
Community ဆိုတာ စနစ်ထပ် ပိုမယ်။
တယောက်ယောက်က ဒီ Journey ကို အတူတူသွားနေပါလားလို့ ခံစားရစေတာမျိုးပေါ့။
ဘယ်လိုသဘောရလဲ။
_________
How to work needs to be known, and how to rest also needs to be known.
For me, I always set systems for 1 week, 1 month, and 3 months. I regularly do resets.
To build a system for 1 week…
You need to record and work on tasks for a week. Because…
In 1 week, you need 1 day for review.
Need to know how the results are.
To build a system for 1 month…
Just need what was recorded in 1 week. Additionally, what is this month for? What do you want to accomplish? These are needed.
For this, about 3 days before the month starts, you need to assess what you want. Need to manage what to do in those 30/31 days to get what you want. Then need to document it. Important thing is the goal must be measurable.
To build a system for 3 months…
This is more like mental preparation for getting what you want.
Like reviewing if what I’ve been doing last month aligns with what I want to do in the next year.
For example, what was planned in December 2024 was one thing.
Now due to sudden circumstances, things to do for the whole year and even the next 4 years have changed. In that case, the goals set at the beginning of the year won’t happen anymore, so you don’t like that established system anymore.
Don’t work on it anymore.
Actually, it’s not that the system is bad.
Any system…
Any work…
Always needs revision.
Always needs assessment for alignment.
During mostly stable periods, I used to adjust mental alignment and satisfaction every 6 months. But now, in constantly changing circumstances, I have to make changes every 3 months.
These are the regular reset patterns I do.
There are details, of course.
There are things you need to ask yourself.
There are tools to use.
There are regular assessments.
For details, I’m planning to share in an Exclusive Curious Insighter Community later.
If interested, please comment in the comments.
If you don’t want to spend money,
Copy this content,
Explain your daily life and lifestyle to AI and have it make a plan for you.
Community means there will be more systems.
Like feeling that someone is going on this journey together.
What do you think about it?
#GoalSetting #LifePlanning #Productivity
#MindsetMatters #selfimprovementjourney
#Suphonemovlog #CuriousInsighter
