
Content ရေးမယ်ဆိုရင် အရင်ဆုံး ကိုယ့်ရည်ရွယ်ချက်ကို သိဖို့လိုပါတယ်။ ဒီမေးခွန်းတွေကို အရင်ဖြေကြည့်ပါ –
ကိုယ်ဘာရည်ရွယ်လဲ သိဖို့ ပြန်မေးရမဲ့ မေးခွန်းများ
• ဘာကြောင့် Content ဖန်တီးချင်တာလဲ
• ဘယ်သူတွေအတွက် ရည်ရွယ်ပြီး ရေးမှာလဲ
• Audience က ကိုယ့် Content ကို ဖတ်ပြီးရင် ဘာဖြစ်စေချင်လဲ
• Audience က ကိုယ့် Content ကို ဘယ်လိုမျိုး ပြောစေချင်လဲ
• Audience မှာ ဘယ်လို ခံစားချက်မျိုး ဖြစ်စေချင်လဲ
• ဘယ်သူ့ Content မျိုးနဲ့ တူအောင် ဖန်တီးချင်လဲ
• Content ဖန်တီးခြင်းက ကိုယ့်ကို ဘယ်လိုခံစားချက် ဖြစ်စေမလဲ
Content Focus အလိုက် မေးခွန်းများ
1. လူပုဂ္ဂိုလ်ဆိုင်ရာ
• Audience က ဘယ်သူ့အကြောင်း ပိုသိချင်နေမလဲ
• Audience မသိသေးပေမယ့် သိသင့်တဲ့သူတွေက ဘယ်သူတွေလဲ
2. အခြေခံအချက်အလက်များ
• Audience အတွက် ဘယ်လို basic information တွေ လိုအပ်နေလဲ
• ဒီအကြောင်းအရာကို ပထမဆုံးတွေ့တဲ့သူတွေ ဘာတွေသိဖို့လိုလဲ
3. အသေးစိတ်အချက်အလက်များ
• ရှိပြီးသား basic content ကို ဘယ်လိုချဲ့ထွင်နိုင်မလဲ
• Audience ရဲ့ နားလည်မှုအဆင့်က ဘယ်လောက်ရှိပြီလဲ
4. သမိုင်းကြောင်း
• ဒီအကြောင်းအရာမှာ လေ့လာစရာ သမိုင်းကြောင်း ရှိလား
• အချိန်နဲ့အမျှ ဘာတွေ ပြောင်းလဲလာခဲ့လဲ
5. လုပ်ငန်းစဉ်များ
• Audience က ဘယ်လို process တွေမှာ အကူအညီလိုနေလဲ
• ဒီ process တွေကို ဘယ်လို helpful ဖြစ်အောင် ရှင်းပြမလဲ
6. စုစည်းတင်ပြခြင်း
• ဘာတွေကို စုစည်းတင်ပြမှာလဲ
• ဘယ်နှစ်ခုလောက် ထည့်သင့်လဲ
7. Data အခြေပြု
• ဒီ story ကို data နဲ့ ဘယ်လိုပြောပြလို့ရမလဲ
• ကိန်းဂဏန်းတွေ၊ trend တွေနဲ့ ဘယ်လိုချိတ်ဆက်နိုင်မလဲ
8. ထုတ်ကုန်အကြောင်း
• ကိုယ့်ထုတ်ကုန်လား၊ တခြားထုတ်ကုန်လား
• Audience က ဘာတွေသိဖို့လိုလဲ
9. ဥပမာများ
• ဒီအကြောင်းအရာက common ဖြစ်တဲ့ အတွေ့အကြုံတွေကို ပြောပြနိုင်လား
• ကြီးမားတဲ့ story တစ်ခုကို ကိုယ်စားပြုတဲ့ ဥပမာတွေ ရှိလား
10. ထင်မြင်ချက်များ
• fact ထက် opinion ပိုသင့်တော်လား
• ဒီအယူအဆက brand goals တွေနဲ့ ကိုက်ညီလား
ဒီမေးခွန်းတွေကို ဖြေကြည့်ခြင်းအားဖြင့် ကိုယ့်ဖန်တီးမယ့် Content ပိုကောင်းအောင် လုပ်နိုင်ပါတယ်။
______________
When creating content, the first step is to understand your purpose. Begin by answering the following questions:
Questions to Clarify Your Purpose:
– Why do you want to create this content?
– Who is your target audience?
– What actions or feelings do you want your audience to have after reading your content?
– How would you like your audience to describe your content?
– What emotions do you want your audience to experience?
– Whose content inspires you, and why?
– How does creating this content make you feel?
Questions to Align with Content Focus:
1. Personal Relevance
– Who does your audience want to know more about?
– Who should your audience learn about, even if they’re unaware of them yet?
2. Basic Information
– What basic information does your audience need?
– What should first-time readers know about this topic?
3. Detailed Insights
– How can you build on the existing basic content?
– What is your audience’s current level of understanding of the topic?
4. Historical Context
– Does this topic have a historical background worth discussing?
– How has this topic evolved over time?
5. Processes
– What processes does your audience need guidance on?
– How can you explain these processes in a clear and helpful way?
6. Organization and Presentation
– What elements should your content include?
– How much information is appropriate to include?
7. Data-Driven Storytelling
– How can you use data to enhance your story?
– How can you integrate numbers or trends into your narrative?
8. Product Information
– Are you focusing on your own product or someone else’s?
– What specific details does your audience need to know?
9. Examples
– Can this topic be connected to common experiences?
– Are there examples that represent a larger narrative?
10. Opinions vs. Facts
– Is it better to focus on opinions or facts for this content?
– Does this perspective align with your brand goals?
By addressing these questions, you can craft more effective and purpose-driven content that resonates with your audience and aligns with your objectives.
#suphonemologic #suphonemovlog #suphonemologic #curiousinsighter
