
Good ကနေ Great ဖြစ်ဖို့ ဘာတွေ လိုမလဲ?
Jim Collins ရဲ့ Good to Great က အဖြေတွေ ပေးထားတယ်။
Good ကနေ Great ဖြစ်ဖို့ဆိုတာ Strategy တစ်ခုထက် ပိုပြီး အရေးကြီးတာက
⁃ လူမှန်ကို ရွေးချယ်တာ၊
⁃ Fact ကို ရင်ဆိုင်တာ၊ နဲ့
⁃ စနစ်တကျ လုပ်ဆောင်တာ ဖြစ်တယ်။
ဒီစာအုပ်ထဲမှာ အဖွဲ့အစည်းတစ်ခုကို တိုးတက်အောင်လုပ်ဖို့ အချိန်မရွေး အလုပ်ဖြစ်စေမယ့် စည်းမျဉ်းတွေ ကို ရှင်းပြထားတယ်။ အဖွဲ့အစည်း လို့ပြောလို့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ ထဲမှာကိုယ်ကရှိမှ ဒါကို လိုက်နာရမှာမဟုတ်ဘူး။ ကိုယ့်ဟာကို အကောင်းဆုံး စီးပွားရေးလို့တွေးပြီး အမြဲ upgrade နေမယ်ဆိုရင် ဒီအချက်တွေ က လူတိုင်းလိုက်နာနိုင်မယ်လို့ယုံကြည်ပါတယ်။
သိထားသင့်တာတွေက—
လူမှန်ကို ရွေးပါ – Strategy မစဉ်းစားခင် အရင်ဆုံး လူမှန်တွေကို ရှာပါ။
Fact ကို ရင်ဆိုင်ပါ – Toxic Positivity တွေမှာမသာယာပါနဲ့။ အရှိတရား ကို မြင်အောင်ကြည့်ပါ။
အားသာချက်ကို ရှာပါ – အဓိကအားသာချက်ကို ရှာပြီး အဲဒီအရာပေါ် အာရုံစိုက်ပါ။
စနစ်တကျ လုပ်ဆောင်ပါ – စိတ်အားထက်သန်မှုတစ်ခုထက် စနစ်တကျလုပ်ဆောင်တဲ့ ယဉ်ကျေးမှုက ပိုအရေးကြီးတယ်။
နည်းပညာကို အသုံးချပါ – နည်းပညာက တိုးတက်ဖို့ကို ပိုမြန်ဆန်စေတယ်၊ ဒါပေမဲ့ ကိုယ့်အဖွဲ့အစည်း နဲ့ ကိုက်ညီပြီးတော့ အမြဲ အသုံးဝင်နေမဲ့ Tool ဖြစ်နေဖို့ တော့ ဆန်းစစ်ဖို့လိုမယ်။ လူတိုင်းသုံးလို့လိုက်သုံးစရာမလိုဘူး။ ကိုယ်နဲ့ ကီးကိုက်တာကို သုံးဖို့လိုတယ်။
Good to Great ဖြစ်ဖို့ ဘယ်အချက်တွေ လိုအပ်မယ်ထင်လဲ။
___________
What does it take to go from Good to Great?
Jim Collins’ Good to Great provides the answers.
Moving from good to great involves more than just strategy; it requires:
⁃ Choosing the right people,
⁃ Confronting the facts, and
⁃ Acting systematically.
This book outlines principles that can drive continuous improvement for any organization. However, these principles aren’t limited to businesses or organizations—you can apply them to your personal growth by continually upgrading your own “business.”
Key takeaways include:
Choose the Right People – Before creating any strategy, focus on finding the right people.
Confront the Facts – Avoid falling into toxic positivity. Face reality as it is.
Identify Your Strengths – Discover your core strengths and concentrate on them.
Act Systematically – While passion is important, a disciplined, systematic approach is even more essential.
Leverage Technology – Use technology to accelerate progress, but ensure it aligns with your goals and remains practical. Not every trendy tool is necessary—choose what works best for you.
What do you think are the key factors needed to go from Good to Great?
#Goodtogreat #Suphonemo #CuriousInsighter
