
Professional တစ်ယောက်ဆိုတာ ဘာလဲ?
Professional တစ်ယောက်နဲ့ ဝါဿနာရှင် ကြား ကွာခြားချက်က Commitment, Discipline, နဲ့ တာဝန်ယူမှုပါ။
Professional ဆိုတာ ငွေကြေးရတဲ့ နယ်ပယ်တခုထဲမှာ သက်မှတ်တာမျိုးမဟုတ်ဘူး။
⁃ လုပ်ငန်းမလုပ်နေလည်း Professional ဖြစ်လို့ရတယ်။
⁃ ငွေကြေးမရနေလည်း Professional ဖြစ်နေလို့ရတယ်။
⁃ Professional ဆိုတာ Mindset တခုဖြစ်တယ်။
ဘာလုပ်လုပ် အချိန်တိုတိုနဲ့ နေရာတခုရောက်ဖို့ နဲ့ အဲနေရာမှာတည်မြဲဖို့ ဆို Professional Mindset ကမရှိမဖြစ်ပဲ။
ဥပမာ။ စာရေးဆရာတစ်ယောက်က စာရေးရတာကို ဝါသနာပါလို့ စတင်ခဲ့တယ်ဆိုပါစို့။
သူ့မှာ စိတ်အားထက်သန်မှုရှိတယ်၊ အတွေးအမြင်တွေကို ဖော်ပြချင်တယ်။
ဒါပေမယ့် Professional Mindset မရှိရင်
ရေးချင်တဲ့အချိန် စာရေးနေလိမ့်မယ်။
စိတ်မပါရင်မရေးဘူး။
ဒါဆို ဒါက Professional မဟုတ်ဘူး။ Amateur (ဝါဿနာရှင်) သာဖြစ်တယ်။
ဆိုလိုတာက ဝါဿနာရှင်က ဒါဆို ငွေမရတော့ဘူးလားဆို.. မဟုတ်ဘူး။
ငွေရမယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆက်တိုက် တည်မြဲဖို့ အတွက် က ဝါဿနာ ဆိုတာတခုတည်းနဲ့ မတည်မြဲနိုင်ဘူး။
အချိန်မှန် လုပ်နေဖို့ သိပ်လိုတယ်။
ဥပမာ ကိုပဲ ဆက်ပြောရရင်…
Professional Mindset ရှိတဲ့ စာရေးဆရာတစ်ယောက်ကတော့—
• နေ့တိုင်း စာရေးတယ်။ စိတ်အဆင်မပြေနေလည်း စာရေးတယ်။
• အချိန်မီပြီးစီးအောင်လုပ်တယ်။ စာအုပ်တစ်အုပ်ကို အချိန်မီပြီးစီးအောင် စနစ်တကျ စီမံတယ်။
• အတတ်ပညာကို တိုးတက်အောင် လေ့ကျင့်တယ်။ စာရေးနည်းအသစ်တွေကို သင်ယူတယ်၊ အခြားစာရေးဆရာတွေရဲ့ အတွေ့အကြုံတွေကို လေ့လာတယ်။
• အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တယ်။ ကိုယ့်စာအုပ်ရဲ့ ရောင်းအား၊ ချီးကျူးမှုတွေချည်းပဲ မမျှော်လင့်ပဲ ယုံကြည်ရာအလုပ်ကို အာရုံစိုက်လုပ်တယ်။
• Feedback ကို လက်ခံတယ်။ (စော်ကားတော့မခံဘူး။) ဘာတွေလိုအပ်နေလဲဆိုတာ နားထောင်နေတယ်။ ဒါပေမဲ့ လူကြိုက်ဖို့ပဲ အာရုံစိုက်ပြီး People Pleasing မလုပ်နေဘူး။ စော်ကားမခံဘူး။ Good Ego ဟာ ခရီးပေါက်ဖို့ လောင်စာဆိုတာသူတို့သိတယ်။
အခုလို Professional တစ်ယောက်လို စဉ်းစားပြီး လုပ်ဆောင်ဖို့ ဘာတွေ ပြောင်းလဲရမယ်ထင်လဲ????
__________
What is a professional?
The difference between a professional and an amateur lies in commitment, discipline, and responsibility.
Being a professional isn’t solely about earning money in a specific field.
⁃ You can be a professional even if you’re not employed.
⁃ You can be a professional even without financial gain.
⁃ Professionalism is a mindset.
No matter what you do, a professional mindset is essential for achieving and maintaining success in any area.
For example, consider a writer who starts writing out of passion.
They have enthusiasm and want to express their thoughts.
But without a professional mindset:
• They’ll only write when they feel like it.
• If they’re not in the mood, they won’t write.
This isn’t professionalism; it’s being an amateur.
Does this mean amateurs don’t earn money? Not at all.
They can make money, but passion alone won’t sustain them in the long run.
Consistency is key to lasting success.
Take a writer with a professional mindset:
• They write every day, even when they don’t feel like it.
• They manage their time to complete books on schedule.
• They continuously improve their craft, learning new writing techniques and studying the experiences of other writers.
• They treat their work seriously, focusing on the job itself rather than solely expecting sales or accolades.
• They accept feedback (without tolerating disrespect), always listening for areas of improvement but not just to please others. They understand that a healthy ego is fuel for their journey.
What changes do you think you need to make to adopt a professional mindset like this?
#Professionalmindset #Commitment #Discipline #Suphonemo #CuriousInsighter
