Skip to main content

Su Phone Mo

Stress တော်တော်များများက အကျိုးမပေးပေမဲ့
လူတွေကို အကျိုးပြုတဲ့ Stress တွေ လည်းရှိတာတော့ သိမှရမယ်။

ဒီနေ့ အကျိုးပြုတဲ့ Stress အကြောင်းပြောပြမယ်။

ရေအေးချိုးပြီး ခန္ဓာကိုယ်တစ်ခုလုံး refresh ဖြစ်သွားတာ ခံစားဖူးလား။
ဒါမှမဟုတ် အပူချိန်မြင့်တဲ့ Sauna ထဲက ထွက်လာပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုမျိုး။
ဒါကခန္ဓာကိုယ်က ကြိုက်တဲ့ Hormetic Stress ဖြစ်တယ်။

ခန္ဓာကိုယ်က တစ်ခါတလေ အနည်းငယ် uncomfortable ဖြစ်မှ ပိုကောင်းလာတတ်တယ်။
ဥပမာ – ကြွက်သားတွေ ကြီးထွားဖို့ဆို gym မှာ weight မ တင်ရတယ်။
ခဏတာ နာကျင်ပင်ပန်းရပေမယ့် နောက်ပိုင်း ပိုသန်မာလာတယ်။
ဒီလိုပဲ ခန္ဓာကိုယ်မှာ “Sweet Spot” ဆိုတာရှိတယ်။
နည်းနည်း stress ဖြစ်ရင် ဘာမှမဖြစ်ဘူး။ များလွန်းရင်လည်း ထိခိုက်တယ်။

Hormetic Stress ကို အသုံးချမယ်ဆို….

၁။ ရုပ်ပိုင်းဆိုင်ရာ
• HIIT workout လုပ်ပြီး မောတဲ့ ခံစားချက်
• ရေအေးထဲ ၁-၂ မိနစ် နေတဲ့အခါ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှု
• Sauna ထဲက အပူချိန်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားရတဲ့ ခံစားချက်

၂။ စိတ်ပိုင်းဆိုင်ရာ
• Comfort zone ကနေ နည်းနည်းထွက်ကြည့်တာ
• စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်တာ
• မကြုံဖူးတာတွေကို စမ်းသပ်တာ

လက်တွေ့စမ်းကြည့်ဖို့ နည်းလမ်းတွေ –
၁။ ရေချိုးချိန်မှာ နောက်ဆုံး ၃၀ စက္ကန့် ရေအေးဖွင့်ပြီးချိုး
၂။ ပုံမှန်ပြေးတာမျိုးလုပ်
၃။ အိပ်ယာထချိန် ရေအေးနဲ့ မျက်နှာသစ်
၄။ တစ်ပတ်ကို တစ်ခါလောက် မလုပ်ဖူးတာ စမ်းလုပ်ကြည့်

မေးခွန်း – ဘယ်လို Hormetic Stress တွေကို နှစ်သက်လဲ။ ဘယ်လို စမ်းသပ်ကြည့်ချင်လဲ။

“The right amount of stress is like a vaccine for your body and mind”
__________
Stress can often be unhelpful, but some types of stress can actually benefit us. It’s important to understand the difference.

Today, let’s discuss beneficial stress.

Have you ever felt completely refreshed after a cold shower? Or perhaps after leaving a sauna, feeling lighter and more energized? This is an example of “Hormetic Stress”, the kind of stress your body actually benefits from.

Sometimes, a little discomfort is good for your body. For example, in the gym, you need to lift weights to build muscle. It can be painful at first, but over time, you get stronger. Your body has a “sweet spot”—a little stress is beneficial, but too much can be harmful.

To effectively use “Hormetic Stress”:

1. Physical Stress
• Feeling fatigued after a HIIT workout.
• The body’s response to staying in cold water for 1-2 minutes.
• The effort to tolerate heat in a sauna.

2. Mental Stress
• Stepping slightly outside of your comfort zone.
• Facing new challenges.
• Trying something you’ve never done before.

Practical ways to try it:
1. At the end of your shower, turn on cold water for the last 30 seconds.
2. Engage in regular running or intense exercise.
3. Wash your face with cold water right before bed.
4. Try something new once a week that you’ve never done before.

Question: What kinds of “Hormetic Stress” do you enjoy? How would you like to test it out?

“The right amount of stress is like a vaccine for your body and mind.”

#HormeticStress #MentalStrength #PhysicalHealth #StressManagement
#Suphonemo#Curiousinsighter

Leave a Reply