
မရေရာမှုတွေကြားက စိတ်ဖိစီးမှု ဘာကြောင့်ဖြစ်ရတာလဲ? ဘယ်လိုကိုင်တွယ်မလဲ?
လူ့ ဦးနှောက်က predictable ဖြစ်တဲ့အရာတွေကိုပဲ နှစ်သက်ပါတယ်။ မရေရာမှုတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်ကို “danger mode” ထဲ ရောက်သွားစေပါတယ်။
ဘာတွေဖြစ်လာလဲဆိုတော့ –
• စိတ်က အမြဲ alert mode မှာ နေတယ်
• ဆုံးဖြတ်ချက်တွေ ချရခက်လာတယ်
• အကောင်းထက် အဆိုးကိုပဲ မြင်လာတတ်တယ်
• ခန္ဓာကိုယ်မှာ stress hormones တွေ များလာတယ်
ဒါပေမယ့် ဒီလို uncertainty တွေကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
လက်တွေ့လုပ်နိုင်တာတွေ –
၁။ “မသိဘူး” ဆိုတာကို လက်ခံပါ
• မသိတာက ပုံမှန်ပါ
• မသိသေးတာကို curiosity နဲ့ ချဉ်းကပ်ပါ
၂။ Expectation တွေကို လျှော့ချပါ
• “ဒီအတိုင်းဖြစ်ရမယ်” ဆိုတဲ့ mindset ကို ဖြေလျှော့ပါ
• ကိုယ်ထိန်းချုပ်နိုင်တာလေးတွေကိုပဲ focus လုပ်ပါ
၃။ Mindfulness လေ့ကျင့်ပါ
• လက်ရှိအချိန်ကို သတိထားပါ
• ကိုယ့်ရဲ့ stress response တွေကို သတိပြုပါ
မှတ်သားရန် – Uncertainty ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကိုယ့်ရဲ့ response ကိုပဲ manage လုပ်တတ်ဖို့ လိုပါတယ်။
__________
Why does stress arise in the midst of uncertainty, and how can we deal with it?
The human brain prefers predictable things. Uncertainty triggers our brain to enter “danger mode.”
Here’s what happens:
• The mind stays in constant alert mode.
• Decision-making becomes more difficult.
• We tend to focus on the negative rather than the positive.
• Stress hormones increase in the body.
However, there are ways to manage uncertainty.
Practical steps to take:
1. Accept “Not Knowing”
• Not knowing is normal.
• Approach the unknown with curiosity.
2. Lower Expectations
• Let go of the mindset that things must go a certain way.
• Focus only on what you can control.
3. Practice Mindfulness
• Be aware of the present moment.
• Pay attention to your stress responses.
Remember: Uncertainty is a part of life. What matters is learning to manage your response to it.
#MentalHealth #StressManagement #PersonalGrowth #Mindfulness
#Suphonemo#Curiousinsighter
