“ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ့်လုပ်ရပ်တိုင်း က Vote ပေးနေပါတယ်။”“ Every action you take is a vote for the type of person.”
► စာတအုပ်ဖတ်ခြင်းက စာဖတ်ရတာကြိုက်တဲ့သူမဖြစ်စေဘူး။
ဒါပေမဲ့ စာပုံမှန်ဖတ်နေခြင်း ကတော့ ကိုယ့်ကို စာဖတ်တာကြိုက်တဲ့သူဖြစ်လာစေတယ်။
► အရက်၊ဆေးလိပ် တရက်ဖြတ်လိုက်ခြင်းက အရက်၊ဆေးလိပ်မသောက်တဲ့သူ တမ်းမဖြစ်စေဘူး။
ဒါပေမဲ့ အချိန်ကာလ ထိ မသောက် တဲ့သူကတော့ အရက်၊ဆေးလိပ်မသောက်တဲ့သူ လို့ ပြောလို့ရတယ်။
► ရံဖန်ရံခါ ဘာသာစကားလေ့ကျင့်၊ လေ့လာခြင်းက အဲဘာသာစကားကို ပြောတတ်တယ်လို့ပြောလို့မရဘူး။
ဒါပေမဲ့ လေ့လာ တဲ့ အကြိမ်အရေအတွက်များလာလေ ဒီဘာသာစကားကို ကျွမ်းကျင်သူဖြစ်လာတယ်လို့ပြောလို့ရတယ်။
► ဒီအတွက် ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာ အလေ့အကျင့် မပြောင်းခင် အရင်သိဖို့လိုတယ်။
ဒါကို Identity-based habit changes လို့ခေါ်တယ်။
ကိုယ်က ဒီလိုလူမျိုးဖြစ်ချင်လို့ ဒီလိုလူမျိုး လုပ်တဲ့ လုပ်ဆောင်ပုံ ၊ ကြံတဲ့အတွေး နဲ့ လုပ်ဆောင်နေထိုင်တာမျိုးကနေ
ဒီလိုလူမျိုးဖြစ်လာတဲ့ သဘောတရားမျိုးပါပဲ။
► ဒါကြောင့် အကြိမ်အရေအတွက် များများလုပ်ဆောင်လာလေလေ…
ကိုယ်ဖြစ်ချင်တဲ့ Version ကို ဖြစ်လာလေလေပါပဲ။
မှန်မှန်လုပ်ဖို့တော့ လိုတာပေါ့။
► ကဲ.. မှန်မှန်လုပ်ပြီး ဆိုပါစို့။
မြန်မြန် ဖြစ်အောင်ရော ဘယ်လိုလုပ်လို့ရမလဲ။
မြန်မြန် ဖြစ်အောင် System တည်ဆောက်ဖို့လိုသွားပြီ။
ဒီအလေ့အကျင့်ကို မြဲအောင်၊ ပုံမှန်လေ့ကျင့်ဖြစ်အောင် စနစ် လိုလာပြီ။
စနစ် + consistency = မြန်ဆန်တဲ့ ပြောင်းလဲမှု။
“Every action you take is a vote for the type of person.”
Merely reading a book or two doesn’t transform someone into an avid reader. Yet, making reading a habitual activity can cultivate a love for it.
Stopping the consumption of alcohol or cigarettes for a single day doesn’t redefine you as a teetotaler or a non-smoker. However, maintaining sobriety over a period reshapes your identity to match those terms.
Sporadic attempts at learning a new language won’t lead to fluency. Consistent and increased practice, on the other hand, will enhance your proficiency.
The initial step towards altering habits involves a decision about the persona you wish to adopt. This approach is known as Identity-based habit formation. To embody that persona, you must act, think, and behave in alignment with it, gradually morphing into the individual you envision.
Thus, the frequency of your actions…
Brings you nearer to the version of yourself you aim to become. Naturally, this transformation demands regularity.
What’s essential to evolve into that specific persona?
What’s required?
A SYSTEM.
To facilitate swift transformation, you must establish a SYSTEM.
This habit needs a system and regular practice to become ingrained.
SYSTEM + regularity = Swift transformation.
