သူများတွေခေါင်းခြောက်အောင် စဉ်းစားရချိန်လွယ်ကူဖို့ဆိုတာ … သာမန် အတွေ့အကြုံနဲ့ Skill ထပ်ပိုနေနိုင်တယ် ။
Super Skill ကို ရချင်ရင် တွေးခေါ်ပုံ Framework Thinking နဲ့ အစမ်းသပ်ခံ Playground လိုအပ်သွားပြီ။
► ဘာလို့ Super Skill နဲ့ သာမန် Skill နဲ့မှာ ကွာခြားမှုရှိနေနိုင်လဲဆိုဥပမာပေးရရင် မိုနာလီဆာ ပန်းချီကားကိုဆွဲတဲ့ Leonardo da Vinci က ပန်းချီကို သူ့ဆရာ နဲ့ အတူစ ဆွဲတဲ့ အချိန်တုန်းက သူက ဘေးက အကူအဆင့်ပဲရှိတယ်။ သူ့ဆရာက အများကြီးလည်းအတွေ့အကြုံရှိပြီးသား။
► ဒါပေမဲ့ သူဘေးက ကူဆွဲပေးတဲ့ ပန်းချီက လက်ရာက ဆရာထက် သေသပ်လွန်းလို့ သူ့ဆရာက သူနဲ့အတူဆွဲ တဲ့ ပန်းချီပြီး ထဲက စုတ်တံကို ပြန်မကိုင်တော့ဘူးတဲ့။ Leonardo da Vinci ကို သူ မကျော်နိုင်ဘူးထင်လို့တဲ့။ ဘာလို့ အကူအဆင့်မှာတင် နှစ်ပေါင်းများစွာလေ့ကျင့်တဲ့ဆရာထက် ကျော်နိုင်တာလဲဆို Leonardo da Vinci က ဘာလုပ်လုပ် အတွေး framework ရှိတဲ့သူဖြစ်နေတတ်လို့။
► ဘယ်လို လုပ်ကိုင်ခြင်းဟာ ပိုမိုလျှင်မြန်လွယ်ကူပြီး ၁ချက်ခုတ် ၃၊ ၄ချက် ပြတ်နိုင်လဲ ဆိုတဲ့ အတွေး pattern မျိုး တွေးနေနိုင်တဲ့သူဖြစ်ဖို့လိုတယ်။ လူသိများတဲ့စကားနဲ့ပြောရရင် Work Smart ပေါ့။
အဲအရာက Magic Work မဟုတ်ဘူး။ သင်ယူလို့ရတဲ့အရာဖြစ်တယ်။
တခါတလေ သူများတွေ ၁၀နှစ်လောက်လုပ်တဲ့အရာကို ၂နှစ်လောက်နဲ့ အကောင်အထည်ဖော်နိုင်တဲ့သူတွေမှာ အဲ တွေးခေါ်ပုံလေးတွေ သွားမြင်ရတတ်တယ်။
အမြင်သာဆုံး ဥပမာပေးရရင်…
► သာမန် Content Creator သမားတယောက် Content ကို ဒီတိုင်း ချရေးပြီး တင်တာမျိုးလုပ်နေချိန်မှာ super skill ရှိတဲ့ content creator ကြတော့ Content Writing Framework တွေရှိနေတတ်ကြတယ်။
► သာမန် Marketer တယောက်က One Big Idea (တချည်ထဲနဲ့ လူကြိုက်ပြီးပေါက်စေမဲ့ အတွေး) ထုတ်ဖို့ ခေါင်းကိုက်နေချိန် Super Skill ရှိတဲ့ Marketer က Meeting မှာ စကားပြောရင် မိနစ်ပိုင်းအတွက် Idea ရသွားတာမြင်ရတတ်တယ်။
► သာမန် Graphic Designer တယောက်က Graphic တနေ့ ၁၀ပုံလောက် မိုင်ကုန် ဖန်တီးနိုင်ချိန်မှာ Super Skill ရှိတဲ့ Graphic Designer ကြတော့ Framework လေးထဲ ကောက်ထည့်ပြီး တနေ့ ပုံ ၅၀ လောက် ထိလည်းထွက်နေနိုင်တယ်။
ဒါကြောင့် ဘာလုပ်လုပ် Framework ထား… System thinking နဲ့ လုပ်ကြည့် နောက်ပြီး အဆက်မပြတ် လုပ်ဆောင်နေဖို့ တော့လိုတယ်။
To achieve Super Skills without facing significant challenges, having both a framework for thinking (Framework Thinking) and a testing playground is essential.
This concept implies that enhancing ordinary experiences and skills can be achieved by adopting a structured approach to thinking and experimentation.
► For instance, Leonardo da Vinci, when painting the Mona Lisa, started as an assistant to his master, initially only providing minor contributions. However, his ability to think within frameworks and experiments led him to surpass his master’s skill level, even to the point where his master decided not to paint anymore, believing he could not exceed da Vinci’s excellence.
► This illustrates that possessing a thinking framework allows for more efficient problem-solving and the ability to surpass traditional limits, embodying the idea of “working smart” rather than just “working hard.”
► This concept of Super Skills isn’t magical but can be learned. Individuals who quickly master what others take years to learn often have a way of thinking that allows them to see patterns and frameworks that others don’t.
► Examples include content creators who use writing frameworks to produce content more efficiently than their peers, marketers who find one big idea within minutes during meetings, and graphic designers who produce significantly more designs by applying certain frameworks in a day.
Thus, regardless of the field, having a framework and a systematic approach to thinking and experimenting is crucial for achieving high levels of skill and efficiency.
