Skip to main content

Su Phone Mo

ဆရာတွေများတဲ့ ခေတ်မှာ ဆရာရွေးမမှားဖို့လိုတယ်။ဆရာ ရွေးတာမှန်ရင်လည်း အဲ့ဆရာ ရဲ့ လမ်းအတိုင်း တပုံစံထဲ မလျှောက်ဖို့လိုတယ်။

အဲ့လို တလမ်းထဲမလျှောက်ဖို့ဆိုတာကလည်း ဆရာ ၁ယောက်ထဲစီက သင်ယူတာမျိုးထက် များများမြင်ဖူးဖို့ လိုအပ်တယ်။ ဒီတော့မှ Art Collection တွေထဲက Art တွေလို တမျိုးစီ ကိုယ်ကြိုက်တဲ့ အချက်တွေ ကို ရှုမြင်ခံစားလို့ရမှာဖြစ်တယ်။

နောက်တချက်က ဘာသင်သင် Filter လေးခံပြီးသင်ယူပါ။

► ဘာလို့လဲဆိုတော့…

အခုခေတ်က သတင်းအချက်အလက်ဆိုတာလူတိုင်းမှာရှိတယ်။ ဘယ်သူဘာပြောပြော အချက်အလက်နဲ့ ပြောတဲ့အခါ မှန်သယောင်ယောင်ဖြစ်နေတာလည်းရှိနေနိုင်သလို မှန်ချင်မှလည်းမှန်နေလိမ့်မယ်။ တကယ်တော့အမှန်အမှားဆိုတာလည်း လောကမှာ မရှိနေဘူး။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှင်သန်နေကြတာပဲ။

► ဒီတော့ ကိုယ့်ခံယူချက်က ရှင်းလင်းပြတ်သားနေဖို့တော့လိုတယ်။

ရှင်းလင်းနေဖို့ သတင်းအချက်အလက်နဲ့ လုပ်ဆောင်ချက်တွေလိုတယ်။

ဒါတွေရှိရင် Filter ကောင်းလေးတွေ ဦးနှောက်မှာ ခံတတ်လာလိမ့်မယ်။

ဒီအခါ လောင်းရိပ်မိတာတို့ လူများကကိုယ့်ကို Manipulation လုပ်တာတို့ နောက်ပြီး ကိုယ်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်တွေဆို အလိုလို ခေါင်းထဲ အလွယ်ရောက်တာတို့ကို ရှောင်လာနိုင်တယ်။

► ကောင်းမွန်တဲ့ လွှမ်းမိုးမှုကြောင့်အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်တာမှန်ပေမဲ့

“ကိုယ်” ဆိုတဲ့ ဖြစ်တည်မှုပျောက်ကွယ်သွားအောင်တော့

ဘယ်သူ့လွှမ်းမိုးမှုအောက်ကိုမှ မရောက်သွားဖို့ ဒီခေတ်က တော်တော်သတိထားရမယ်။

ဘာလို့လဲဆိုတော့ ဒီခေတ်က လွှမ်းမိုးနိုင်တဲ့သူအသာရတဲ့ ခေတ်ဖြစ်နေတာကို။

ဒီခေတ်မှာ အကြီးဆုံးသော crisis တခုကိုပြောပါဆို Identity Crisis လို့ပြောလို့ရတယ်။

ဒါကို ကောင်းကောင်းသတိပြုမိဖို့လိုတယ်။

► ကိုယ့် ဆရာ ရဲ့ ကောင်းတဲ့ Principles တွေနဲ့ အလေ့အကျင့်တွေ နေ့စဉ်လုပ်ယူလို့ရတယ်။ အဲ့အဓိပ္ပာယ်က သူ့အတွေး နဲ့ လမ်းအတိုင်း တစ်ထပ်ထဲသွားရမယ်လို့တော့ မဆိုလိုဘူး။ ဘာလို့လဲဆိုတော့ တလောကလုံးမှာ ကိုယ်နဲ့ တူတဲ့သူ တစ်ယောက်မှမရှိလို့ပဲ။

ကိုယ့်ဘ၀နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ကိုယ့်ထပ် ဘယ်သူမှ ပိုမသိနိုင်ဘူးဆိုတာ သိဖို့လိုတယ်။

► ကိုယ်ဆိုတာ ဘယ်လိုလူမျိုးလဲ မသိတဲ့အချိန်၊ ကိုယ့်ဘေးက လူတွေကလည်း သိပ်ပြည့်စုံနေတဲ့အချိန် မှာ ကိုယ့်ရဲ Super Skill / Super Power ကိုယုံကြည်ဖို့ ခက်ခဲတယ်။

ဘယ်လောက်ထိ ဖြစ်နိုင်စွမ်း ရှိလဲဆိုတာ ခန့်မှန်းဖို့လည်း ခက်နေနိုင်တယ်။

ဒါလေးကို ဥပမာလေးနဲ့ ကျွန်မ ပြောပြပေးပါမယ်။

► ငယ်စဉ်ထဲက ဉာဏ ရော ပညာ ပါ ပြည််စုံတဲ့ ဆရာ၊ဆရာမ တွေကို တချိန်လုံးကြုံစုံတတ်ရတယ်။ စီးပွားရေး လုပ်တော့လည်း တွေ့ရတဲ့ ဆရာ တွေ ဆရာမ​တွေက ဆရာ/မ ကောင်းတွေကြီးပဲ။ အားကျမယ်ဆို ပိုင်ဆိုင်မှုပိုင်းရော၊ ဉာဏ်ပညာပိုင်းရော ၊ အကျင့်စရိတ်ပိုင်းမှာပါ အားကျစရာလူတွေကြီးပါပဲ။ အပေါင်းအသင်တွေမှာ ဆိုလည်း ကိုယ့်ထပ်သိပြီးတော်တဲ့ သူတွေ အများကြီးမှ တကယ့်အများကြီး။

► ကိုယ့်ထပ်သိပြီးတတ်တဲ့သူတွေ အများကြီး ကိုမြင်ဖူးတော့ ဘာ သွားစဉ်းစားမိလဲဆိုတော့…ဘယ်သူတဦးတယောက်ထဲမှာမှ အလုံးစုံ သိခြင်းဆိုတာကို သွားမတွေ့ဘူး။

ဘာလို့လဲဆိုတော့ Art Collection တွေစုထားတဲ့ Art တွေလိုပေါ့။ တမျိုးစီ လှကြတယ်။

တချို့အလှတွေမှာ အပြစ်အနာအဆာလေးတွေနဲ့ လှတယ်။ တချို့အလှတွေမှာ မပြည့်စုံခြင်းတွေနဲ့ လှကြတယ်။ ဒါပေမဲ့ တကယ်ကို တမျိုးစီ မတူကြဘူး။

အဲအခါမှာ ကျွန်မ ရဲ့ လုပ်ဆောင်တဲ့ ပုံကတော့…

သူတို့အားလုံးရဲ့ အမူအကျင့် တွေမှာ

ကောင်းခြင်း – ၇၀ ရာခိုင်နှုန်း။

မပြည့်စုံခြင်း – ၁၀ ရာခိုင်နှုန်း။

မကိုက်ညီခြင်း – ၂၀ ရာခိုင်နှုန်း ဆိုရင်

ကောင်းခြင်း (Positive Learning) ၇၀ ရာခိုင်နှုန်းကို လေ့လာပြုမှုတယ်။

► မပြည့်စုံခြင်းတွေကို လေ့လာပြီး ပိုကောင်းတဲ့ နည်းလမ်းကို ကိုယ့်ပုံစံနဲ့ ပြောင်းလဲ ပြီး ပြုမှုတယ်။ မကိုက်ညီခြင်း ၂၀ရာခိုင်နှုန်းကို ကိုက်ညီလာမဲ့ အခြေအနေ ကဘယ်လိုဖြစ်မလဲ စဉ်းစားတယ်။ အဲ အခြေအနေရောက်ရင် အသုံးချဖို့ အတွက် မှတ်ထားတယ်။

ဆိုတော့က… ကိုယ်က မြင်ဖူးတဲ့ဆရာ တယောက်တလေ ပဲရှိရင်တော့

သူ့ပုံစံကို အပေါ်က ဖော်မြူလာအတိုင်းဆို ၇၀ရာခိုင်နှုန်းလောက်ကတူနေမှာ။

ဒါကြောင့် များများ မြင်ဖူးပြီး သင်ယူမှုတွေကို Filter ခံပြီး သင်ယူမှုကို လုပ်ယူဖို့လိုတယ်။

► သင်ယူမှုတွေမှာက မတူညီတာတွေပေါင်းစပ်ထားပြီး ကိုယ်ပိုင်ဟန် နဲ့ နည်းနာ ပြန်ပြုစုလိုက်တဲ့အခါ ကိုယ်ပိုင်မြေပုံဆိုတာ ထွက်လာတယ်။ အဲ့အရာက ပိုကောင်းနေတယ်လို့ မပြောနိုင်ရင်တောင် ကိုယ်နဲ့ သဟဇာတ ပိုဖြစ်တယ်ဆိုတာတော့ ငြင်းမရဘူး။

► ဒါကြောင့် Super Skill / Super Power ကို အသုံးချမယ်၊ ရှာဖွေမယ် ဆို

အမြင်များများရှိဖို့လိုတယ်။ ဆရာကောင်းလည်း မြင်မြင်တွေ့ဖူးဖို့လိုတယ်။

Don’t let the shadows mislead you.

► In an era abundant with educators, selecting the right one is essential. If you choose your mentor wisely, you’ll need to ensure you’re not merely following their path blindly. This emphasizes the necessity of experiencing diverse teachings, akin to appreciating different aspects of an art collection.

► Moreover, embracing a filtering mindset while learning is crucial because, in today’s information-rich age, discernment in absorbing knowledge is key. This approach helps in avoiding the pitfalls of misinformation and embracing a critical perspective towards the influx of data. It’s important to recognize that truth and falsehood aren’t always black and white; our world thrives on a spectrum of individual perspectives. Therefore, clarity in one’s convictions, supported by informed insights, is indispensable.

With the right filters,

► our minds can better navigate the complexities of information, steering clear of manipulation and incompatible ideologies. While positive influences can drive beneficial changes, it’s vital to remain true to oneself, avoiding the loss of identity under others’ influence. This era, characterized by pervasive influence, underscores the need for vigilance to retain one’s essence amidst external pressures.

► Recognizing the uniqueness of one’s journey is crucial because no two paths align perfectly. Understanding one’s own narrative amidst widespread knowledge and opinions presents a challenge in trusting one’s capabilities. This discussion serves as a metaphor for the comprehensive insights provided by various educational resources. From childhood, we’re exposed to a vast array of teachers, each offering valuable lessons that enrich our understanding and skill sets.

► In business endeavors, we encounter mentors whose wisdom contributes significantly to our growth, in both tangible and intangible ways. The collective wisdom from these experiences forms a vast pool of knowledge, enhancing our abilities and ethical foundations. Encountering a wide range of expertise encourages deep reflection on what truly resonates with us.

► The realization that no single individual possesses all answers leads to a broader exploration of wisdom. This recognition invites an appreciation for the diverse beauty in knowledge, akin to the varied appeal of art. Each form of knowledge, with its unique flaws and imperfections, contributes to a richer understanding of the world. However, it’s essential to recognize the distinct nature of each piece of wisdom, avoiding the trap of homogenization.

► Embracing this diversity in learning, filtered through personal insight, fosters a tailored and more profound educational journey. This approach, while acknowledging the potential for improvement in every learning opportunity, challenges us to adapt and refine these lessons into a personal strategy that aligns with our identity. Recognizing the transformative power of knowledge, filtered through personal discernment, prepares us for the nuanced and intricate task of applying these insights effectively.

► By synthesizing a wide array of learning, we craft a unique map that guides our individual path, ensuring it resonates with our core being and aspirations. This ensures that, even if direct replication of another’s success is impossible, we find a route that’s distinctly ours, grounded in authenticity and personal truth.

Leave a Reply