
ဘ၀ရှိရင် ပြဿနာရှိတယ်။
ဒါပေမဲ့ လူတိုင်းက အဲ့ဒီပြဿနာတွေကို ဖြေရှင်းပုံ
မတူလို့၊ ရလဒ်တွေလည်းမတူကြဘူး။
ဒါကြောင့် ဖြေရှင်းနည်းလေး မျှဝေပေးချင်တယ်။
ဒီနည်းလေးက Thinking in Systems and Mental Models စာအုပ်က အခြေခံထားတာဖြစ်တယ်။
ဒါက IDEA Model ဖြစ်တယ်။
IDEA Model ဆိုတာ ဘာလဲ?
IDEA Model ဆိုတာ –
I – Identify (ပြဿနာကို သေချာရှာ)
D – Develop (ဖြေရှင်းနည်းတွေ ရှာ)
E – Execute (လက်တွေ့လုပ်)
A – Assess (ရလဒ်ကို ပြန်သုံးသပ်)
ဥပမာ တစ်ခုနဲ့ ကြည့်ရအောင်။
“အလုပ်တွေ များလွန်းလို့ စိတ်ညစ်နေတယ်” ဆိုပါစို့။
၁။ Identify – ပြဿနာကို သေချာရှာ
“ဘာကြောင့် စိတ်ညစ်နေတာလဲ?”
အချိန်မလုံလောက်လို့
“ဘာကြောင့် အချိန်မလုံလောက်တာလဲ?”
စီမံခန့်ခွဲမှု မကောင်းလို့
“ဘာကြောင့် စီမံခန့်ခွဲမှု မကောင်းတာလဲ?”
Plan မရှိလို့
၂။ Develop – ဖြေရှင်းနည်းတွေ ရှာ
To-do list ရေးမယ်
Priority စီမယ်
အရေးမကြီးတာတွေ လျှော့မယ်
အချိန်ဇယား ဆွဲမယ်
၃။ Execute – လက်တွေ့လုပ်
အကောင်းဆုံး နည်းလမ်းကို ရွေးပြီး စလုပ်။
၄။ Assess – ရလဒ်ကို ပြန်သုံးသပ်
ဘာတွေ အဆင်ပြေသွားလဲ
ဘာတွေ ထပ်ပြင်ရမလဲ
နောက်တခါ ဘယ်လို ပိုကောင်းအောင် လုပ်မလဲ
အဓိက မှတ်ရမှာက –
၁။ ပြဿနာရဲ့ အရင်းအမြစ်ကို မတွေ့မချင်း မဖြေရှင်းနဲ့
၂။ ဖြေရှင်းနည်း အများကြီးထဲက အကောင်းဆုံးကို ရွေး
၃။ လုပ်ပြီးရင် ပြန်သုံးသပ်ပြီး သင်ခန်းစာယူ
ဒီ Model ကို နေ့စဉ်ဘဝမှာ လေ့ကျင့်လေ၊ ပြဿနာဖြေရှင်းတဲ့ အတတ်ပညာ ပိုကောင်းလာလေပါပဲ။
___________
In life, there will always be problems.
However, since everyone approaches problem-solving differently, the outcomes can vary significantly.
That’s why I’d like to share a simple and effective method for tackling problems.
This method is based on the book Thinking in Systems and Mental Models and is called the IDEA Model.
What is the IDEA Model?
The IDEA Model stands for:
I – Identify (Pinpoint the problem)
D – Develop (Find solutions)
E – Execute (Take action)
A – Assess (Evaluate the results)
Example:
Imagine you’re feeling overwhelmed because you have too much work.
1. Identify – Pinpoint the problem.
Why am I feeling overwhelmed?
→ Because I don’t have enough time.
Why don’t I have enough time?
→ Because I’m not managing it well.
Why am I not managing it well?
→ Because I don’t have a plan.
2. Develop – Find solutions.
Create a to-do list.
Set priorities.
Eliminate non-essential tasks.
Create a time schedule.
3. Execute – Take action.
Choose the best solution and start implementing it.
4. Assess – Evaluate the results.
What worked well?
What still needs improvement?
How can I do better next time?
Key Points to Remember:
1. Don’t attempt to solve a problem until you’ve identified its root cause.
2. Select the most effective solution from the available options.
3. Reflect on and learn from the results after taking action.
By practicing this model in your daily life, you’ll steadily improve your problem-solving skills.
#ProblemSolving #PersonalDevelopment #IDEAModel
#suphonemovlog #suphonemologic #suphonemoquote #curiousinsighter
