Skip to main content

Su Phone Mo

ရေခဲတောင်တစ်ခုကို မြင်ဖူးပါသလား?
ရေပေါ်မှာ မြင်ရတဲ့အပိုင်းက ၁၀% လောက်ပဲရှိပြီး၊ ကျန်တဲ့ ၉၀% က ရေအောက်မှာ ရှိနေတယ်။
အဲ သဘောတရား နဲ့ တွေးခေါ်ပုံကို Iceberg Model Thinking လို့ခေါ်တယ်။
ဒီ သဘောတရား နဲ့ တွေးတတ်ရင် ဘာတွေ ပိုကောင်းလာမလဲ?
မျက်စိနဲ့မြင်ရတာထက် နက်နက်နဲနဲ မြင်တတ်လာပါမယ်။

ဥပမာ – Meeting တစ်ခုမှာ လူတစ်ယောက် ဒေါသထွက်နေတယ်ဆိုပါစို့။

အပေါ်ယံမြင်ကွင်း (10%)
⁃ စိတ်ဆိုးနေတယ်
⁃ အသံကျယ်ကျယ်ပြောတယ်
⁃ မျက်နှာနီနေတယ်

တကယ်ဖြစ်နေနိုင်တဲ့ အကြောင်းရင်းတွေ (90%)
⁃ အိမ်က ပြဿနာတွေ
⁃ Deadline pressure
⁃ အိပ်ရေးပျက်နေတာ
စတဲ့ အကြောင်းတွေဖြစ်နေနိုင်တာပဲ​။

ဒီလို တွေးတတ်လာရင် ဘာတွေ အကျိုးရှိလဲ?

၁။ အပြစ်တင်တာထက် နားလည်ပေးလာနိုင်တယ်။
၂။ ပြဿနာရဲ့ အရင်းအမြစ်ကို သိလာမယ်။
၃။ ရေရှည်ဖြေရှင်းချက်တွေ ရှာနိုင်မယ်။
၄။ တခြားသူတွေကို ပိုနားလည်လာမယ်
၅။ ပဋိပက္ခတွေ လျော့နည်းသွားမယ်
၆။ စာနာစိတ် ပိုရှိလာမယ်
၇။ အခြေအနေကို ဘက်စုံက မြင်လာမယ်
၈။ လျင်မြန်တဲ့ အဖြေထက် မှန်ကန်တဲ့အဖြေကို ရှာလာမယ်
၉။ ရေရှည်အကျိုးကို ကြည့်တတ်လာမယ်

လက်တွေ့စမ်းကြည့်ဖို့ ဆို….
၁။ နေ့စဉ်တွေ့တဲ့ ပြဿနာတစ်ခုရွေး။
၂။ “ဘာကြောင့်လဲ?” ဆိုတဲ့မေးခွန်းကို ၅ခါလောက်ဆက်မေး။
၃။ တွေ့တဲ့အဖြေတွေကို မှတ်ထား။
၄။ နောက်တခါ အလားတူဖြစ်ရပ်တွေ့ရင် ပိုကောင်းတဲ့တုံ့ပြန်မှု လုပ်နိုင်လာလိမ့်မယ်။
___________
Have you ever seen an iceberg?
The visible part above the water is only about 10%, while the remaining 90% lies hidden beneath the surface.
This way of thinking is known as the Iceberg Model Thinking.

How can adopting this thinking style benefit you?
It allows you to look deeper and understand what lies beyond the surface.

Example:
Imagine someone is visibly angry during a meeting.

Surface Observations (10%)

– They appear upset.
– They are speaking loudly.
– Their face is flushed.

Possible Underlying Reasons (90%)

– Personal problems at home.
– Stress from approaching deadlines.
– Sleep deprivation.

Benefits of thinking this way:

1. You’ll learn to understand rather than judge.
2. You’ll identify the root cause of problems.
3. You’ll be able to develop long-term solutions.
4. You’ll cultivate better empathy for others.
5. Conflicts will decrease.
6. Your compassion will grow.
7. You’ll gain a well-rounded perspective on situations.
8. Instead of quick fixes, you’ll aim for accurate and effective solutions.
9. You’ll develop a focus on long-term results.

How to practice this approach:

1. Identify a daily issue you encounter.
2. Ask yourself “Why?” five times in succession.
3. Record the insights you uncover.
4. Use these insights to respond more effectively to similar situations in the future.

#SystemThinking #ProblemSolving #PersonalDevelopment
#suphonemovlog #suphonemologic #suphonemoquote #curiousinsighter

Leave a Reply