Skip to main content

Su Phone Mo

ဆု မှာ Error (၂) ခုကြောင့် အဲ့လိုခံစားဖူးတယ်။

အလုပ်တွေမအားတဲ့ကြားက ကိုယ်လုပ်ချင်တာလေးကိုယ်လုပ်ဖြစ်နေပြီး
အလုပ်တွေလည်း အားရော ကိုယ်အရင်က မအားရင်တောင် လုပ်ဖြစ်တဲ့ အလုပ်တွေ မလုပ်ဖြစ်တော့တာမျိုးအကြိမ်ကြိမ်ဖြစ်ဖူးတယ်။

အဲတုန်းက ကိုယ့်ဟာကို အချိန်ဆွဲတယ်။ Motivation မရှိဘူး။ စည်းကမ်း မရှိဘူးဆိုပြီး ကိုယ့်ဟာကို အပြစ်တင်လေ့ရှိတယ်။
တကယ်တော့ ဘာလို့ဖြစ်လဲဆိုတော့….

၁။ Routine သေချာမရှိလို့။

အရင်က အလုပ်များနေပေမဲ့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ Routine သေချာရှိတော့ သူ့အရှိန်လေးနဲ့ သူသွားနေပြီး တော့ လုပ်ဖို့ အင်အားလည်း ရှိနေတာ။ အဲအချိန်မှာ Routine လုံး၀ မသေချာတော့တဲ့ ဘ၀ပုံစံကို ၂နှစ်လောက်နေလဲ နေပြီးရော အရင်က Productivity ရဲ့ တဝက်ကို ပြန်ရှာဖို့ မနည်းလုပ်နေခဲ့ရတယ်။ တနေ့ ၊ တနေ့ မှာ system ရှိတဲ့ နေထိုင်မှုပုံစံကို ပြန်ဖန်တီးရတယ်။ ပြီးတော့ သေချာတဲ့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ကိုယ့်တနေ့တာ ကို ကြိုပြင်ဆင်ထားခြင်းကနေ တော်တော်ကို Productivity ပြန်ကောင်းလာတယ်။

၂။ နည်းလမ်းများလွန်းခြင်း။

– Journaling ရေးရတာဆုက ကြိုက်တဲ့သူပါ။ ဒါပေမဲ့ Digital ပေါ်မှာရော.. Notes မှာရော.. စာအုပ်မှာရော.. တနေရာ ကောင်းမယ်ထင်တာကို ရေးရင်နဲ့ အကျင့်တခုကိုမွေးမြူတဲ့အခါ တော်တော် ဒုက္ခ ရောက်ဖူးတယ်။ – System တခုက အဆင်ပြေနေရင် တောင် အသစ်တွေ လေ့လာမိရင် ချက်ချင်းအသုံးချတဲ့ အကျင့်ကပါပြီးတော့ စမ်းသပ်ရင်းနဲ့ System တခုမှာသေချာ အသားမကျဖြစ်ပြီးတော့ Consistency နည်းပါးလာတာ။
– စာအုပ်မှတ်တဲ့ Note Taking System မှာလည်း ဒီနည်းကောင်းလား။အခြားနည်းရှာရင်းနဲ့ သေချာတဲ့ Method ကို အသုံးမချဖြစ်တော့တာ။
နောက်ပိုင်းတော့ ကိုယ်နဲ့ ကိုက်ညီပြီးတော့ အချိန်ကုန်လည်း သက်သာ၊ လူလည်း သိပ်အားမစိုက်ပဲ အလုပ်ပြီးမြှောက်စေတဲ့ Method ဆို ပြောင်းလဲတာမျိုးမလုပ်ပဲ နဲ့ သေချာတခုထဲကို အာရုံစိုက်တော့တယ်။ အရမ်းကို အဲ Method ထပ် ထိရောက်တဲ့ Methodမပေါ်လာမချင်းပေါ့။

ဒါကြောင့် ဘာမှ လုပ်ချင်စိတ်မရှိနေဘူးလို့ ခံစားရရင် ဒီနှစ်ချက်ကို ဆန်းစစ် လို့ပြောချင်ပါတယ်။

Have you ever thought, just like before, I can’t get the same kind of productivity anymore?

I’ve experienced that due to two errors.
In the midst of busy work, I’m doing what I want to do, but I can no longer do the work I used to be able to do, even when I wasn’t as busy.
Back then, I blamed myself for not having the time. I didn’t have motivation. I didn’t have discipline. I blamed myself a lot.

In fact, it’s because…

Lack of a solid routine.
Even though I was busy with work before, I had a clear routine, so I kept going at my own pace and had the energy to work. During that time, I had no solid routine for about two years. I had to work hard to regain even half of my previous productivity. Day by day, I had to recreate a living pattern with a system. And by planning what to do after finishing each task, my productivity gradually improved.

Too many methods.
I like journaling. But when writing on digital, on notes, on books, at a place I think is good, the habit of starting a routine becomes a real challenge.
Even when one system is working, the habit of immediately applying a new one I learned about, testing it, and then not settling on a method because I lack consistency.

Also, in the note-taking system, wondering if this method is better, and not being able to stick with a proven method while looking for another.
Later, I focus on one that fits me well and doesn’t take too much time, something that lets me complete work without much effort. I don’t change it until I find a method that’s significantly more effective.
That’s why when you feel unmotivated to do anything, I want to say these two points are worth examining.

Leave a Reply