Skip to main content

Su Phone Mo

လူတိုင်းမှာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပိုင် Money Mindset ရှိတတ်ကြတယ်။ ဒါတွေအားလုံးက ဘယ်လိုဖြစ်တည်လာလဲ ကြည့်ချင်ရင် သူတို့ အတိတ်ကို ကြည့်လို့ရတယ်။

မွေးကထဲက ရွှေဇွန်းတက်ပြီးမွေးလာတဲ့ ကလေးတွေ က ကိုယ်ပိုင်စီးပွားရေး တွေလုပ်တဲ့ အခါ သာမန်လူထပ် ငွေကြေးပိုင်း ယုံကြည်မှုရှိတာမျိုးသွားတွေ့ရတတ်တယ်။

အသုံးနဲ့​အဖြုန်းအမြဲ ချိန်နေရတဲ့ သူတယောက်က ငွေကြေး ပြည့်စုံလာလို့ သူတို့သုံးရင်တောင် သာမန် ထပ် ငွေကြေးပိုင်းမှာ စဉ်းစားနေကြတာသွားတွေ့ရတတ်တယ်။

ဆု အမေဆိုရင် တခုခုဆိုအကုန် သိမ်းတတ်တယ်။ ငွေကြေးဆို အပိုဘာမှမသုံးဘူး။ တခုခုဆို ရွှေစုတယ်။ မြေစုတယ်။ ဘာလို့လဲလို့ သူ့အတိတ်ကိုပြန်ကြည့်ရင် မှောင်ခိုခေတ်မှာ ကြီးလာခဲ့တဲ့အခါ အရာရာရှားပါတယ်။ ဒီအတွက် မရှိတော့မှာစိုးရိမ်ပြိး အကုန်သိမ်းတတ်တယ်။

ရွှေ မြေ ဘာလို့ စုလဲ။
ဘယ်အရာမှ မမြဲတဲ့ နိုင်ငံမှာ အမြဲဆုံးလို့သူခံယူတဲ့ အရာ သူစုလေ့ရှိတယ်။

အရာရာမှာ အကောင်းအဆိုး ဒွန်တွဲနေတာဖြစ်တာကြောင့် တခါတလေ ကိုယ့် Money Mindset ကပိတ်နေရင် ပြန်မြင်ဖို့လိုပြီးတော့ ကောင်းမွန်နေရင် ထိမ်းသိန်း မွံမံနေဖို့လိုပြန်တယ်။

ကိုယ်တိုင်ရော ကောင်းမွန်တဲ့​ Money Mindset ဆိုဘာဖြစ်မယ်ထင်လဲ?? မကောင်းမွန်တဲ့ Money Mindset ဆိုရင်ရော ဘာဖြစ်မလဲ။
____

Everyone tends to have their own opinions and personal money mindset, which is formed over time. To understand these, one can look at their past.

Children born into wealthy families often have different financial beliefs when they start their own businesses compared to the average person. They might inherently trust more in economic matters.

People who constantly budget and save might find themselves well-provisioned financially, yet they still might be cautious and conservative with money, thinking a lot before spending.

Someone like my mom, who keeps everything, might not spend extra money at all. Instead, she saves gold, land, etc. If we look back at her past, during the hard times she grew up in, everything was scarce, which is why she tends to save everything now.
Gold and land are saved because they are seen as an unstable country’s most stable and enduring assets.

These habits and mindsets, whether positive or negative, might sometimes limit or maintain good financial health.

How about you?
Do you have any good or bad money mindset you can think of?

Leave a Reply