ဒီအချက်တွေက ဆု The Minimalist Entrepreneur ဆိုတဲ့ စာအုပ်ဖတ်ပြီး ရလာတဲ့ အတွေးတွေပါ။ The Minimalist Entrepreneurship တည်ဆောက်ဖိုဆို…
(1).Profitability First
တော်တော်များများက Business တစ်ခုစလုပ်ပြီဆိုရင် အမြတ်မယူပဲ ရောင်းရဖိုကို ဦးတည်ကြတာများတယ်။ အမှန်တော့ Business တစ်ခုစပြီဆိုရင် အမြတ်ကို သေချာတွက်ပြီး ယူတတ်ဖို လိုပါတယ်။ ခရီးတခုရောက်ဖို အဲခရီးကိုသွားမဲ့ ဆီဖြည့်ဖိုလိုအပ်တယ်။ ဒီတော့မှ ခရီးရောက်မှာဖြစ်တယ်။
(2).Start with Community
ဘာရောင်းရမလဲ။ လူတွေဘာလိုအပ်နေလဲ ဆိုတာ သိတဲ့လုပ်ငန်းရှင်က Community နဲ့ နီးစပ်ပြီး ဆက်စပ်နေတဲ့ လုပ်ငန်းရှင်ပဲ။
ဘယ်လိုလုပ်ငန်းစရမလဲ၊ ဘာရောင်းရမလဲ စဉ်းစားမရဘူးဆိုရင် Community မှာအဖြေရှင်းပါ။
(3).Build as little as possible
အရင်ခေတ်တွေတုန်းကတော့ တစ်ခုခုလုပ်ပြီဆိုရင် ရင်းနှီးမှု အများကြီးနဲ့စလေ့ရှိတယ်။
အခုခေတ်က ရင်းနှီမှု အနည်းဆုံးကနေ စျေးကွက်ကိုစမ်းသပ်လိုရတဲ့ခေတ်ဖြစ်သွားပြီ။
စမ်းသပ်စရာစျေးကွက် ကိုလည်း အခမဲ့ ကြို ဖန်တီးထားလိုရနေပြီ။ ဒီအချက်က လည်း နံပါတ် ၂ နဲ့ ပြန်ချိတ်ဆက်ပြန်ရော။
(4).Sell to your first hundred customers
လူဘယ်လောက်ထိ ဖြန့်ချီမယ်ဆိုတဲ့ Plan မျိုးကနေ စတာထပ် ပထမဆုံး ရောင်းရမဲ့ အယောက်တရာစီကို ကိုယ့်ကုန်ပစ္စည်း ဘယ်လိုဖြန့်ချီမယ်ဆိုတဲ့ စနစ်နဲ့ အစီအစဉ် ကို အရင် ကြို စဉ်းစားပြီး စတာက လက်တွေ့မှာပိုအလုပ်ဖြစ်တယ်။
(5).Market by being you
Business တစ်ခု စပြီဆိုတာနဲ့ တော်တော်များများက ကိုယ့်ရဲ့ ဖြစ်တည်မှုထက် တခြားလူတွေ ဘာကြိုက်လဲ။ တခြားအရာတွေကိုပဲ စဉ်းစားမိသွားပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို မေ့သွားတတ်ကြတယ်။ ဒါကပဲ ရေရှည်မှာ ကိုယ့် Business နဲ့ ကိုယ်နဲ့ သက်ဆိုင်မှု မရှိသလို ဖြစ်သွားတတ်တယ်။ ဒါကြောင့် ကိုယ့်အကြောင်းကို သိဖိုလိုတယ်။
(6).Grow yourself and your business mindfully
လုပ်ငန်း တွေကို ကြီးပွား ဖြစ်အောင် လုပ်တယ်။ ဒါပေမဲ့ ကိုယ်ကတော့ တိုးတက်အောင်မလုပ်တဲ့အခါ လုပ်ငန်းက ပြဿနာတချိုကို ကိုယ်က ကိုင်တွယ်ဖို အခက်အခဲဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကိုယ်ရော၊ ကိုယ့်လုပ်ငန်းအတွက်ရော အချိန်ပေး ဖိုလိုတယ်။
(7).Build the house you want to live in
ကိုယ်တိုင် အလုပ်လုပ်ချင်တဲ့ စီမံခန့်ခွဲမှုပုံစံနဲ့ လုပ်ငန်း မော်ဒယ်ကိိတည်ဆောက်ထားဖိုလိုတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ ဒလေ့တွေ၊ စည်းမျဉ်းတွေကို ပိုင်ရှင်တယောက်က ပြတ်ပြတ်သားသား ဖော်ထုတ် တိုင်းတာ ပြီး ပြောဆို နေဖို ကလည်းအရေးကြီးတယ်။ ကိုယ်က ဝေဝေဝါးဝါးဆို ဝန်ထမ်းကလည်း ဝေဝေဝါးဝါးပဲဖြစ်နေမှာဖြစ်ပါတယ်။
