Skip to main content

Su Phone Mo

သိခြင်းနဲ့ လုပ်ဆောင်ခြင်း ကဘယ်လောက်တောင် ကွာခြားပြီး အကျိုးပြုခြင်း ကွာခြားလဲ ဆိုတာ ထင်သာမြင်သာရှိတဲ့ ဥပမာလေးပြောပြမယ်နော်။

ဆု စာတွေကို ကိုယ့်ဟာကို မဖတ်ခင်မှာ သူများရှင်းပြတဲ့ book summary လေးတွေကို ဆု နားထောင်လေ့ရှိတယ်။
Amazon Audible / ToeTet / YT / Podcast အကုန်လုံးကနားထောင်တယ်။
၁ နှစ်လုံး နေ့တိုင်းနားထောင်တာပေါ့နော်။
နားထောင်ပြီး လုပ်ဖြစ်တာတွေလည်းဖြစ်သလို ဒီလိုပဲကျော်သွားတာတွေလည်းရှိတယ်။ အခုလောက် Speed of implementation မမြန်ဘူး။

တကယ်တမ်း ကိုယ်တိုင်လည်း စာဖတ်ရော.. နားလည်တဲ့ ပုံစံလည်း မတူဘူး။

ဆုကိုယ်တိုင်လည်း စာအုပ် summary တွေလုပ်ပေးပေမဲ့ တကယ်ဖတ်တာရဲ့ ၂၀ လောက်ပဲ ဆုပြောပေးနိုင်တာမျိုးပေါ့နော်။ ဒါဘယ်သူမဆို အတူတူပဲဆိုထင်တယ်။
နောက်ဆုံး တ အုပ်လုံး အစ အဆုံးပြောနေလည်း
နားထောင်တာနဲ့ ကိုယ်တိုင်ဖတ်ပြီး ပြန်မှတ်တဲ့ အခါ နားလည်ပုံက ထပ်ကွာသွားမှာပဲ။

အဲတော့ ဘာပြောချင်လဲဆိုတော့..
– စာလုံး၀မဖတ်တာထပ် Book Summary တွေနားထောင်တာကောင်းတယ်။
– Book Summary တွေနားထောင်တာထပ် တအုပ်လုံး နားထောင်တာကောင်းတယ်။
– တအုပ်လုံးနားထောင်တာထပ် ကိုယ်တိုင် ဖတ်တာကောင်းတယ်။
– ကိုယ်တိုင်ဖတ်တာထပ် ဖတ်ပြီးမှတ်တာကောင်းတယ်။
– ဖတ်ပြီးမှတ်တာထပ် မှတ်ထားသမျှကို ပြန်သင်ကြားနိုင်တာက ပိုကောင်းတယ်။

– ဘာလုပ်လုပ် အကျိုးများချင်ရင် ပြန်မျှဝေပါ။
– မျှဝေရင်း network ချဲ့ပါ။
– Network ချဲ့ရင်းနဲ့ ပိုက်ဆံ ရှာပါ။
________
I will give you a clear example of how different knowing and doing are, and how beneficial they are.

Before I read the books myself, I often listen to book summaries explained by others. I listen to them all, Amazon Audible, ToeTet, YouTube, and Podcasts. I’ve been listening daily for a year. There are times I manage to act on what I’ve heard, and other times I just pass it by. The speed of implementation isn’t fast now.

In reality, even when I read myself, my understanding style is different. Although I also do book summaries, I can only convey about 20% of what’s actually in the books. I think it’s the same for everyone. Even if I talk from the beginning to the end of a book, the understanding from listening and the understanding from reading and recalling by yourself are going to be quite different.

So, what I want to say is…

– Not reading at all but listening to book summaries is better.
– Listening to book summaries is better than listening to the whole book.
– Reading it yourself is better than listening to the whole book.
– Taking notes while reading is better than only reading.
– Remembering everything you’ve read and being able to teach it back is even better.

Whatever you do, if you want it to be more beneficial, share it.
Expand your network as you share.
Earn money while expanding your network.

Leave a Reply