ဒီနေ့ ဖတ်တာ။ ကြက်သီးတောင်ထတယ်။
Jill Bolte Taylor — Harvard trained neuroanatomist။ ၁၉၉၆ မှာ သူ့ Left Brain ထဲ သွေးကြောပေါက်သွားတယ်။
နာရီလေးနာရီအတွင်း —
- ဖတ်လို့မရ
- ပြောလို့မရ
- လမ်းမလျှောက်နိုင်ဘူး
သူ့ဘဝမှာ ဖြစ်ခဲ့တာ အကုန် ပျောက်သွားတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာ — သူ ဘယ်တုန်းကမှ မခံစားဖူးတဲ့ ငြိမ်းချမ်းမှုကြီးကို ခံစားနေရတယ်။
Left Brain vs Right Brain
Left Brain ဆိုတာ “ငါ” ကို ဖန်တီးနေတဲ့နေရာ။
- ငါ့ပြဿနာ
- ငါ့အတိတ်
- ငါ့အနာဂတ်
- ငါ မကျေနပ်တာ
အဲ့ဒါ ပျက်သွားတော့ Right Brain တစ်ခုပဲ ကျန်တယ်။
Right Brain မှာ — time မရှိဘူး။ “ငါ” မရှိဘူး။ ပစ္စုပ္ပန်ထဲမှာပဲ ရှိတယ်။
Recovery မှာ Insight
သူ recovery မှာ insight ရတယ် — Caregiver တွေရဲ့ energy ကို တိုက်ရိုက် ခံစားမိတယ်။
“လေဖြတ်တဲ့သူဆိုပြီး ဆက်ဆံချင်သလိုမဆက်ဆံပါနဲ့။ သူတို့ ဦးနှောက်က သိတယ်။ Energy ကိုဖတ်တတ်တယ်။”
ရှစ်နှစ်ကြာမှ ပြန်ကောင်းတယ်။
နိဂုံးချုပ်
နိဗ္ဗာန် ဆိုတာ သေမှ ရမယ့် နေရာ မဟုတ်ဘူး။
“ငါ” ဆိုတဲ့ noise လေးတွေ ငြိမ်သွားတိုင်း ကိုယ်ထဲမှာ ရှိနေခြင်းဆိုတာပဲ။
စာအုပ်က အနှစ်ချည်းပဲ။ CURI မှာ ဒီနေ့ ဒီစာအုပ်လေးကို ဖတ်ပြရတာတကယ်တန်တယ်။
English Summary
‘My Stroke of Insight’ — Jill Bolte Taylor
A Harvard neuroanatomist who experienced a stroke and lost her left brain function. Without the “ego” generated by her left hemisphere, she experienced profound peace and presence — what Buddhists call Nirvana.
Key insight: When the noise of “self” quiets down, what’s left is pure presence.
#MyStrokeOfInsight #BrainScience #Mindfulness #EgoDeath #PresentMoment #CURI #SuPhoneMo