ဘယ်လိုခံစားရမလဲဆိုရင်…
- ငါ ဆိုတာ ပျောက်သွားတယ်
- အစွဲတွေ ပျောက်သွားတယ်
- တွေးခေါ်မှု ရပ်သွားတယ်
- ကျန်တာက တိရိစ္ဆာန်လိုပဲ ခံစားနေရတာ
- လောကကြီးထဲမှာ ‘ငါ’ မရှိတော့ဘူး
ဒါက ဦးနှောက်သိပ္ပံပညာရှင်တစ်ယောက် Jill Bolte Taylor ရဲ့ လက်တွေ့အတွေ့အကြုံဖြစ်တယ်။
သူ့ဘယ်ဘက်ဦးနှောက် (Left Brain) သွေးပေါက်သွားတဲ့အခါ —
- တွက်ချက်မှု ပျောက်သွားတယ်။
- အတ္တ (Ego) ပျောက်သွားတယ်။
- အစွဲတွေ ပျောက်သွားတယ်။
ကျန်တာက ညာဘက်ဦးနှောက် (Right Brain) ရဲ့ အာရုံခံစားမှု သက်သက်ပဲ။
အဲ့ဒီအချိန်မှာ သူ ဘယ်လိုခံစားရလဲ?
လွတ်လပ်တယ်။
ငြိမ်းချမ်းတယ်။
ပစ္စုပ္ပန်မှာပဲ ရှိနေတယ်။
ဗုဒ္ဓဘာသာမှာဆိုရင် နိဗ္ဗာန်ဆိုတာ ဒါပဲ။
‘ငါ’ မရှိတော့ဘဲ ပစ္စုပ္ပန်တည့်တည့်မှာ ရှိနေခြင်း။
စာအုပ်ထဲမှာ အရမ်းလှတဲ့စာတစ်ကြောင်းရှိတယ် —
“လေဖြတ်နေတဲ့အတွက် ခန္ဓာကိုယ်က ပင်ပန်းဆင်းရဲပေမယ့် သူ့ရဲ့စိတ်ကတော့ အဲ့ဒီလို ငြိမ်းချမ်းမှုထဲမှာ လွတ်မြောက်နေတယ်။”
ဒါကို ဖတ်ရင်းနဲ့ ကြက်သီးထလိုက်တယ်။
ငါတို့နှစ်ပေါင်းများစွာ meditation လုပ်ပြီး ရှာဖို့ကြိုးစားနေတဲ့ state ကို ဦးနှောက်ပျက်စီးမှုအဖြစ် မရမှန်းသိဘဲ ရောက်သွားတာ။
Irony ကြီးပါပဲ။
ဒီစာအုပ်က သူ့ရဲ့ ၈ နှစ်တာ ပြန်လည်ထူထောင်မှု ခရီးစဉ်ကို ရေးထားတာ။
- ဂဏန်းတွေ ပြန်ရွတ်တတ်အောင် ဆရာဝန်ဆီမှာ training လုပ်ခဲ့ရတယ်။
- ဘယ်ဘက်ဦးနှောက်ကို ပြန်သုံးနိုင်အောင် လေ့ကျင့်ခဲ့ရတယ်။
ဒါပေမဲ့ သူပြောတာ ကြည့်ပါ —
အဲ့ဒီ ပျောက်ဆုံးသွားတဲ့ အချိန်က သူ့အတွက် အလှဆုံးသော experience ဖြစ်ခဲ့တယ်။
ငါတို့ ဦးနှောက်ရဲ့ potential က အမှတ်တမဲ့ကြီးတယ်။
Ego မရှိတဲ့ state ကို experience လုပ်ဖို့ —
Meditation လုပ်စရာလိုသလား?
သွေးပေါက်သွားဖို့ လိုသလား?
ဒါမှမဟုတ်… တစ်ခြားလမ်းရှိသေးလား?
ဖတ်ကြည့်ပါ။
English Translation
‘My Stroke of Insight’ — A Brain Scientist’s Journey to Nirvana
What happens when your left brain shuts down?
The ego disappears.
Attachments disappear.
Thoughts stop.
All that remains is pure sensory experience from the right brain.
Neuroscientist Jill Bolte Taylor had a stroke. Her left hemisphere shut down. And she experienced what Buddhist monks spend decades seeking — the present moment without ego, without attachment, without the “self.”
The irony? She found enlightenment through brain damage.
The book documents her 8-year recovery journey. She had to retrain her brain to count, to speak, to think logically again.
But she says that time without her left brain was the most peaceful experience of her life.
Makes you wonder — what are we really capable of when we stop overthinking?
#MyStrokeOfInsight #BrainScience #Mindfulness #EgoDeath #PresentMoment #CURI #SuPhoneMo