Skip to main content

Su Phone Mo

► သိသာတဲ့ တက်မြောက်မှု ဖြစ်ချင်ရင်
သင်ပြီးသမျှ အကုန်လုံး မလုပ်နိုင်ရင်တောင် (၁)ခုတော့လုပ်ကြည့်ပါ။

► ပိုမိုသိသာတဲ့ တက်မြောက်မှု ဖြစ်ချင်ရင်
သူများ လုပ်နေတဲ့ အလုပ်တွေမှာပါ ကိုယ်သင်ယူနိုင်တာရှာ ပြီး လုပ်ကြည့်ပါ။

► လူတိုင်းထပ် ပိုသိ ပိုတက်ပြီး ပိုအကွက်မြင်တတ် ချင်ရင် နေရာတိုင်းမှာ သင်ယူမှု အနည်းဆုံး (၅) ချက်၊ (၆) ချက်လောက်ရှာ တတ်အောင်သင်ယူပါ။

ဥပမာပေးပါမယ်။

► ပထမ ဥပမာ။
သင်တန်းတခုတက်လိုက်တယ်။
သိလိုက်ရတဲ့ သတင်းအချက်အလက်က (၁၀) ချက်ဆို တစ်နေ့တော့ (၁)ချက် သုံးကြည့်မယ်ဆိုတဲ့ ဥပဒေဿမျိုး။

► ဒုတိယဥပမာ။
သင်တန်းသွားမှ မဟုတ်ပဲ ကိုယ့်နေ့တတူဘဝ မှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး သူများ experience ကနေ ကိုယ်ပြန်သင်ယူ လုပ်ဆောင်မယ် ဆိုတဲ့ ဥပဒေဿမျိုး။

► တတိယဥပမာ။
သင်တန်း (၁) ခုတက်တယ်။ ဒီသင်တန်း က သင်တာပဲ သင်တာပဲ တက်မြောက်ခဲ့တာထပ် ဘက်ပေါင်းစုံကို မြင်ပြီး သင်တတ်တဲ့သင်ယူမှုမျိုး။ ဒါကို အသေးစိတ်ရှင်းပြပေးမယ်။

► သင်တန်းစအပ်ထဲက ဘယ်လို operation system နဲ့ သူတို run တာလဲ။
► ဘယ်နှယောက်တက်တာလဲ။
► တက်သမျှ ကို ဘယ်လို သင်ကြားမှု ပုံစံနဲ့ လူတန်းစေ့အောင် message ပေးတာလဲ။
► သင်ရိုးပုံစံကို ဘယ်လို ရေးထားတာလဲ။
► ဘယ်လို notes ထုတ်တာလဲ။
► ဘာလိုမတူညီတဲ့ note taking system သုံးတာလဲ။ ►ဝန်ထမ်း ဘယ်နှယောက်နဲ့ run တာလဲ။
► ဒီသင်တန်းကနေ network ဘယ်လောက်ပြန်ရနိုင်လဲ။
► ပေးတဲ့ သင်တန်းအချက်အလက်အပြင် outsource ဘယ်လောက်ပြန်ထွက်မှာလဲ။
► ဘာ tools တွေသုံးတာလဲ။
► သင်ကြားမှု မှာ ဘာ psychologyတွေ ပေါင်းစပ် အသုံးချတာလဲ။

► တကယ်ထုတ်မယ်ဆို အချက် (၁၀) ချက်လောက်က အသာလေး ထုတ်လိုရတာ မြင်ရလိမ့်မယ်။

► နောက်ဆုံး အပေါ်ဆုံး (၃)ဆင့်ထပ် ပို သာလွန်ပြီး အသုံးချချင်တယ်ဆို Comparison အလားတူ ပုံစံတခုနဲ့ ထပ်လုပ်ပြီး ပိုကောင်း၊ ပိုသာ တဲ့ အသုံးချမှု မျိုးလုပ်ကြည့်ပါ။

► အဲလိုပြောလို တခုတော့သတိထားမိရမှာရှိတယ်။
အသိလွန်ပြီး ဘာမှ မလုပ်ဖြစ်တော့တာလည်းရှိသွားတတ်တယ်။ ဘာလိုလဲဆိုတော့ “ငါ့အလှည့်ပိုကောင်းရမယ်”ဆိုတဲ့ စိတ်နဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ဘာ result မှ မရတော့တာမျိုး။
► အဲအချက်မှာ အသိတခုကပ်ရမှာက ကိုယ် comparison လုပ်နေတဲ့ သူတွေ က ဒီလို result ရအောင်ဘယ်လောက် အချိန်ပေး၊ information တွေ ထည့်ထားလဲ ကိုယ်မသိပဲ ကိုယ်က observe ပဲလုပ်ရုံလုပ်ထားတယ်ဆိုတာ သတိကပ်ပါ။

► ဒါမျိုးကျရင်တော့ “Do it Now” ဆိုတဲ့ principle လေးနဲ့ ပြန်ထိန်းပါ။

► ကိုယ်ရော ဘယ်ဥပဒေဿ ကို ကျင့်သုံးနေလဲ။????ကျွန်မကတော့ အောက်ဆုံးက စာလေးကို နှလုံးသွင်းနေတုန်းပဲ။
—————

In every learning opportunity, implement the principle of action.

► For noticeable improvement, even if you can’t do everything, try to do at least one thing.

► For more profound improvement, find something you can learn from others’ work and try it out.

► To know more, learn more, and see more strategies, try to learn at least five or six new things under any circumstance .

Example given:
First example: You attend a course and learn ten pieces of information. Plan to use at least one piece daily.

Second example: Instead of attending a course, observe your daily life and learn from others’ experiences to apply to your own.

Third example: Attend a course and see beyond what is taught, exploring multiple dimensions of learning.

This will be detailed further, including how the course is run, the participation level, the teaching style, how messages are conveyed, how notes are written, why different note-taking systems are used, staff involved, networking opportunities, and what outsourced resources or tools are used, as well as the psychology behind the teaching methods.

If really implemented, you can easily identify at least ten key takeaways.Finally, aim for superior application by comparing and enhancing your practices in a manner similar to others, but strive for better quality or efficiency.

Be mindful of the trap of inaction due to overthinking or waiting for “the perfect moment,” which may lead to no results. In such cases, remember the principle of “Do it Now” to regain control and progress.

Which principle are you currently applying, and how is it influencing your learning and activities?

Leave a Reply