ဘာ ဗဟုသုတမှ မရှိပါ။
ဆု အကြောင်းသီးသန့်မလိုကျော်သွားနိုင်သည်။
အခုနောက်ပိုင်းမှ post တွေအတင်များတော့
“ဆု… နင်လိုင်းပြောင်းသွားတာလား”
“စီးပွားရေးပဲမလုပ်တော့ဘူးလား။” လိုသဲ့သဲ့ကြားတယ်။
ကိုယ်ငယ်ငယ်ထဲက စာရေးရတာကို ကြိုက်တဲ့သူမျိုး။စာတွေပဲရေးရတာကြိုက်တာမဟုတ်ဘူး။
စဆရက လုပ်ရတာလည်းကြိုက်တယ်။
ခံစားချက်တွေ ဖော်ထုတ်ရတာလည်းကြိုက်တယ်။
အသက်အလိုက် ကိုယ့်ဘ၀အကြောင်းကိုယ်ပြန်ကြည့်တော့လည်း အချိန်တိုင်း အဲ Core Identity ကိုသွားတွေ့မိတယ်။
မှတ်မှတ်ရရ ၅တန်းတုန်းက ပုံပြင်တွေ ဇာတ်ညွှန်းတွေရေးဖူးသေးတယ်။ငယ်ငယ်က သိပ်ကို စာရေးဆရာမဖြစ်ချင်တာ။ Spy ၀တ္တုတွေရေးတယ်။ အချစ်ဇာတ်လမ်းတွေရေးတယ်။
ကလေးဆိုတော့ ကလေးအတွေးပေါ့။
- ၇တန်းတုန်းက mIRC လည်း မှီတယ်။ Gtalk လည်း သုံးတယ်။ အဲမှာ Chatting အရမ်းထိုင်ရင်းနဲ့ စာ စ ရေးဖြစ်တယ်ဆိုတော့။
- Facebook ကျတော့ ၂၀၀၉ မှာစသုံးတယ်။ အဲတုန်းက ၈တန်း။ အသက်က ၁၄ နှစ်။ အဲထဲက ရေးလိုက်တဲ့ Status ဆိုတာ…။ မှတ်မှတ်ရရအဲတုန်းက
အမေ့မေတ္တာကိုဖွဲညွှန်းထားတဲ့စာတပုဒ်ကပေါက်သွားလို Article မှာတောင် ပါသွားဖူးသေးတယ်။
ကဗျာတွေရေးရတာတော့ အကြိုက်ဆုံးပေါ့။
အသက်ကြီးမှ ပြန်ရေးဖြစ်တဲ့ ကဗျာဆိုရင်
၂၀၂၁ တုန်းက ရန်ကုန်ကဗျာကိုပဲ လူတွေသိကြမယ်ထင်တယ်။
https://fb.watch/rkwFyDjE2o/
ဒါပေမဲ့ ငယ်တုန်းက ကဗျာတွေပိုရေးဖြစ်တယ်။
အမေက Internet ဆိုင်ဖွင့်ထားတော့ ကိုယ်တွေက Technology နဲ့ အရင်ထဲကမစိမ်းနေတော့ စာရေးဖိုနေရာတနေရာ ရှိလာတယ်လိုပြောလိုရတယ်။
စာရေးခြင်းဆိုတဲ့အရာမှာလေ… Level အလိုက်သူ့ဟာသူရှိတယ်။ ငယ်ငယ်ကသုံးတဲ့ Account ကိုအခု ပြန်ကြည့်တော့
အသက် ၁၄ကနေ ၁၈လောက်ထိ ရေးတဲ့ topic တွေက
- မိသားစုအကြောင်း၊
- အချစ်ရေးအကြောင်း၊
- အင်တာနက်ကတွေတဲ့ Graphic ပုံတွေနဲ့ အကြောင်းစုံ၊
အဲတုန်းက ဘယ်သူမှ ဂရုမစိုက်လိုလားမသိဘူး။
သွားတွေ့ရတဲ့ စာလေးတွေမှာ လွတ်လပ်လိုက်တာ။
အခုလိုမျိုးဘောင်တွေတောင်သိပ်မမြင်ရဘူး။
အသက် ၁၈ကနေ ၂၀ လောက်ထိရေးတဲ့ topic တွေကျတော့
- ဖွန်ကြောင်တာနဲ့
- စိတ်ဓာတ်ကျနေတာချည်းပဲ။
အဲတုန်းက ပတ်ဝန်းကျင်ကိုတော်တော်ဂရုစိုက်တာ။
ကိုယ့် wall မှာ ဘာမှ သိပ်စစ်မှန်တာရေးတာမျိုး မတွေ့ရဘူး။
ဒါတောင် အပေါ်က topic တွေရေးရင်တောင် ရံဖန်ရံခါပေါ့။
ကိုယ့်ဖြစ်တည်မှုကို ဖုံးကွယ်လိုက်၊ လူအထင်ကြီးအောင်ရေးလိုက်နဲ့ပေါ့။
ဘာဖြစ်ဖြစ် အဲလို Identity သွားတွေ့တာလည်း ကိုယ့်ဟာကို ပြန်စဉ်းစားကြည့်ရင်ကျေနပ်တယ်။ ငါလူသားဆန်တယ်လိုတောင် တွေးမိသွားသေးတယ်။
အသက် ၂၀ ကနေ ၂၅ လောက်ထိရေးတဲ့ topic တွေကျတော့
- အလုပ်အသေ လုပ်ချင်နေတဲ့ ကလေးမ ကိုသွားတွေ့တယ်။
- ဆတ်ဆတ်ထိမခံ ပဲ Defensive သိပ်ဖြစ်တဲ့ ကလေးမ လိုမျိုးပေါ့။
- ငါဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ လောက ကို ဘာမှမသိသေးပဲ စီးပွားရေ စလုပ်လုပ်ချင်းက ဖြစ်လေ့ရှိတဲ့ မာန်နဲ့ ကောင်မလေး ပုံစံမျိုးပေါ့။
အသက် ၂၆ကနေ ၂၇ အစပိုင်းလောက် ထိရေးရေးတဲ့စာကနေ ဘာ personality ကိုသွားတွေ့လဲဆို…
- တော်ရုံ ဘာခံစားချက်မှ မဖွင့်ဟ ဖြစ်ဘူး။ (ကိုယ့်အနေနဲ့ ဆိုရင်ပေါ့)
- သိပ်လည်း ဘယ် Community ကိုမှ မရင်းနှီချင်ဘူးဆိုတာတွေ့ရတယ်။
- လူတွေသိချင်လောက်မဲ့အရာတွေကိုပဲ မျှဝေလေ့ရှိတယ်။
- ပုံမှန် အလှပုံတွေတင်လေ့ရှိတယ်။
- ဘယ်အရာမှ ဘာမှအရေးကြီးတယ်လို စိတ်ထဲမရှိတာတွေ့ရတယ်။
အသက် ၂၇ ကနေ အချိန်ထိ ရေးတဲ့စာနဲ့ ခံယူချက်ကတော့ အောက်က အတိုင်းပဲ။
- ရေးချင်တာရေးတာပဲ။
- Facebook သုံးပြီး ကိုယ့် network / ဝင်ငွေ / contribution တခုခု ဘာမှမလုပ်နိုင်ရင် အရှုးလို တွေးထားတယ်။
- နေ့တိုင်းသင်သမျှကို အရင်က note book မှာမှတ်တယ်။ အခုကြတော့ public မှာ မှတ်တယ်။
- တူရာတူရာ စုပြီး Community ချဲ့တယ်။
- ကိုယ်နဲ့ ပတ်သက်ရတဲ့သူတိုင်း အကျိုးအမြတ်တခုခုပေးနိုင်တဲ့ သူ ဖြစ်ချင်လာတယ်။
- လူတွေကို တချိုနေရာတွေ ဂရုစိုက်လာသလို တချိုနေရာတွေမှာ ဂရုမစိုက်တတ်တော့ဘူး။
- အမှန် အမှားဆိုတာ လောကမှာမရှိဘူး။ သူများကိုမထိခဲ့သရွေ့ လူတိုင်းက ကိုယ့် ခံယူချက်နဲ့ ကိုယ်ရှင်သန်နေတယ် ဆိုတာ ပိုပိသိလာတယ်။
- အရင်းအမြစ်နဲ့ သတင်းအချက်အလက်က အရာတော်တော်များများမှာ အထောက်အပံ့ဖြစ်တယ်ဆိုတာ နားလည်လာလို သတင်းအချက်အလက် တော်တော်များများ ထောက်ပံ့နိုင်တဲ့သူဖြစ်ချင်လာတယ်။
- သတင်းအချက်အလက် ထောက်ပံ့နိုင်တဲ့ ပတ်ဝန်းကျင်တွေကိုလည်း ရှာဖွေတယ်။
- အရင်ကလို Weekly / Monthly ဘာ Goals မှမထားတော့ဘူး။ နေ့တိုင်းတာဝန်ကျေအောင်လုပ်တယ်။ ကိုယ့် မှာ ဖြစ်ချင်တဲ့ One Big Goal တခုပဲ ထားတယ်။ အဲအရာကို နေု့တိုင်း ရအောင် နည်းမျိုးစုံနဲ့လုပ်တယ်။
- လုပ်နေတဲ့ ကာလမှ အမြင်တူတဲ့သူတွေရှိတယ်။ အတူတူ ခရီးဆက်မယ်။ ပေးနိုင်တာပေးမယ်။ အရာအားလုံး အလကားမပေးတော့ဘူး။
နေ့တိုင်း Philosophy က အရမ်းရှင်းတယ်။
- ရိုးရှင်းပြီးအရေးကြီးတဲ့အရာကိုပဲ လုပ်မယ်။
- အရေးမပါရင်အရာမပေးတော့ဘူး။
ဒီလောက်ပါပဲ။
