🔵စာအုပ်ကောင်းကောင်း စာအုပ်တောင်း🔵
ဘယ်စာအုပ်ကို ဒီတပတ်အတွက် အကျဉ်းချုပ်ပေးရမလဲ ဆို Comment မှာ ရွေးချယ်ပေးပါဦးနော်။
1) Marketing 5.0
Marketing 5.0 စာအုပ်မှာ Philip Kotler က Digital Transformation ရဲ့ ခေတ်မှာ AI, Big Data, Automation စတဲ့ နည်းပညာတွေကိုသုံးပြီး Human-Centric Marketing လုပ်နည်းကို ရှင်းပြထားပါတယ်။ Technology နဲ့ Humanity ကိုပေါင်းစပ်ကာ လူတွေရဲ့အတွေ့အကြုံတွေကို အခြေခံထားတဲ့ စျေးကွက်ရှာနည်းများကို ရေးသားဖော်ပြထားပါတယ်။
2) Personality Isn’t Permanent by Benjamin Hardy
“Personality Isn’t Permanent” ဆိုတဲ့စာအုပ်ထဲမှာ မိမိရဲ့ personality ကို တစ်သက်လုံးတိုးတက်ပြောင်းလဲနိုင်တဲ့ အရာတစ်ခုအဖြစ်ကြည့်သင့်ပြီး ဘဝမြှင့်တင်ဖို့အတွက် ကိုယ်တိုင်က ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကို စေ့စပ်ပြီးရွေးချယ်သွားသင့်တယ် လို့ Benjamin Hardy ကရှင်းပြထားပါတယ်။ Self-improvement နဲ့ Goal-Oriented Change တွေက “permanent traits” လို့ထင်ထားတဲ့ အရာတွေကို ပြောင်းလဲစေနိုင်တယ်ဆိုတာ အဓိကရေးသားထားပါတယ်။
3) The Diary of a CEO: The 33 Laws of Business and Life
The Diary of a CEO: The 33 Laws of Business and Life ဆိုတဲ့စာအုပ်မှာ Steven Bartlett က စီးပွားရေးနဲ့ ဘဝမှာ အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ mindset, habits, လုပ်ဆောင်ရမယ့် လမ်းစဉ် ၃၃ ခုကို အတွေ့အကြုံနဲ့ပေါင်းစပ်ပြီးရှင်းပြထားပါတယ်။ သူ့ရဲ့ life lessons တွေက “success ကို တဖြည်းဖြည်းနဲ့ တည်ဆောက်ဖို့” အကြောင်းပြောပြနေပြီး၊ ပုံမှန် ကျော်လွှားဖို့အတွက် လေ့လာသင့်တဲ့ အချက်တွေကိုအဓိက ရေးသားထားပါတယ်။
#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur
