Skip to main content

Su Phone Mo

ဘယ်စာအုပ်ကို ဒီတပတ်အတွက် အကျဉ်းချုပ်ပေးရမလဲ ရွေးချယ်ပေးပါဦးနော်။

1. Attack from Within

Attack from Within စာအုပ်က Disinformation (မမှန်တဲ့သတင်းတွေ) ဟာ America ရဲ့အတွင်းကနေဘယ်လို ယုံကြည်မှု ပျက်စီးစေပြီး Democracy ကိုအန္တရာယ်ဖြစ်စေတယ်ဆိုတာကိုရေးသားထားပါတယ်။ မမှန်တဲ့သတင်းတွေကို လူတွေက ပြန်မယုံကြည်စေဖို့အဓိကအခန်းကဏ္ဍပါဝင်တယ်လို့ဖော်ပြထားပါတယ်။

2. Thinking in Systems and Mental Models

Thinking in Systems and Mental Models စာအုပ်က Systems Thinking (စနစ်တကျတွေးခေါ်မှု) နဲ့ Mental Models (စိတ်နဲ့ထင်မြင်တဲ့ပုံစံတွေ) ကိုအသုံးပြုပြီး လုပ်ငန်း၊ လူမှုရေး၊ နေရာတိုင်းမှာရှိတဲ့ ခက်ထန်တဲ့ပြဿနာတွေကိုဘယ်လိုနားလည်ပြီး ဖြေရှင်းရမယ်ဆိုတာကို ရေးသားထားပါတယ်။
Big Picture ကိုမြင်နိုင်ဖို့နဲ့ Cause-and-Effect (အကြောင်းအရင်းနဲ့ရလဒ်) ကိုနားလည်ဖို့က အဓိကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

3. Sell Like a Spy by Jeremy Hurewitz

Sell Like a Spy by Jeremy Hurewitz စာအုပ်က Spy Techniques ကို အသုံးချပြီး Sales (အရောင်းပိုင်း) နဲ့ Negotiation (စည်းဝေးဆွေးနွေးမှု) တွေမှာဘယ်လိုအောင်မြင်နိုင်မလဲဆိုတာကိုရေးသားထားပါတယ်။ လူတွေကိုလေ့လာပြီး Information Gathering နဲ့ Building Trust လုပ်နည်းတွေကို
အရောင်းတိုးဖို့အထောက်အကူဖြစ်အောင် အသုံးချနည်းကို အဓိကဖော်ပြထားပါတယ်။

#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur

Leave a Reply