“ကျန်းမာခြင်းသည် လာဘ်တပါး။” ဆိုတာ သိပ်မှန်တာပဲ။
လူက ပန်းနာရင်ကြပ် ပြန်ထပြီး လူက အသက်ရှု မဝ ပြန်ဖြစ်၊ အသံကပျောက်၊ ခေါင်းက စဉ်းစားလိုက်တာနဲ့ နာပြီး မူးဝေနေတာ။ သေချာအနားယူ လိုက်တဲ့နေ့ဆို ပြန်ကောင်းပြီး အိပ်ရေးပျက်တာနဲ့ လူက ပြန်ဖြစ်။ မနေ့က လူက လန်းဆန်းပြီး ပြန်နိုးလာတော့ စဉ်းစားနေတာ။ ကျန်းမာတယ်ဆိုတာ ကောင်းလိုက်တဲ့ ခံစားချက်ပါလားလို။
ဘာသွားတွေးမိလဲဆိုရင် တခါတလေ ကိုယ်မှာ ရှိနေတဲ့ blessing တွေကို မရှိတော့မှ လူတွေက သတိထားမိကြတာ သဘာဝ ပါလားလို။
ဒါကြောင့် ဒီနေ့က စပြီး ရှိနေတဲ့ blessing တွေကို သေချာ နေ့တိုင်းစဉ်းစား သုံးသပ်ပြီး ကောင်းသထက်ကောင်းအောင် လုပ်ရမယ်။ ထိန်းသိမ်းပြီး တန်ဖိုးထားရမယ် လိုတွေးမိတယ်။
► ကိုယ့်မှာရှိတဲ့ ကောင်းတဲ့ blessing တွေဆိုဘာတွေများဖြစ်ကြမလဲ။????
“Health is indeed wealth.” This is very true.
When I was having chest congestion and difficulty breathing at night, my voice disappeared, and I experienced headaches and dizziness when I focused something these days.
When I properly rested for a day, I recovered, but once I didnt sleep well and health issues started again. This makes me realize the importance of health and how sometimes people only recognize the blessings they have once they are gone.
It’s crucial to regularly reflect on and appreciate the blessings we currently have, striving to maintain and improve them wherever possible.
► What good blessings might we have?
