မှတ်မှတ်ရရ မနှစ်က နိုဝင်ဘာလမှာ တခုခုပြောင်းလဲချင်တယ်ဆိုတဲ့ စိတ်က ပြင်းပြင်းပျပျပေါ်လာတယ်။ အမှန်အတိုင်းပြောရရင် ဘယ်ကစပြီး ဘာလုပ်ရမလဲဆိုတာ မသိနေဘူး။ ကိုယ့်ဟာကိုလည်း high-functioning depression ဖြစ်နေမှန်းမသိနေဘူး။ လက်လည်းမခံနိုင်တာပါ။ တခါမှ ကိုယ်က စိတ်ဓာတ်ကျရမဲ့သူမဖြစ်လာနိုင်ဘူးလို့ ယုံကြည်သလို လူတိုင်းဒီကာလခက်ခဲချိန်မှာ ကိုယ်က အများကြီး အဆင်ပြေနေတဲ့အတွက် ဒါသက်သက် ကိုယ့်ဟာကို အသနားပိုနေတယ်ပဲ မြင်ခဲ့တယ်။ ဒီအတွက် ကိုယ့်စိတ် ကို ကိုယ်ပြန်ညာခဲ့တယ်။ ပြောရရင် Toxic positivity ရဲ့ လက္ခဏာကြောင့် ကိုယ့်အမြင်က အမှန်မရစေတာ။ အမှန်မမြင်ရင် အမှန်လည်းမပြင်နိုင်ဘူးဆိုတာ ကို အခုချိန်တော်တော် ကုစားလာပြီးမှ မြင်ခဲ့တယ်။
ကုစားခဲ့နိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပဲ။ အများကြီးမှ အများကြီး။ (လမ်းကြုံရင်ပြောပြပါဦးမယ်။)
အဲမှာ ဒီ (၁) ခုတည်းသော သိပ္ပံနည်းကျ စိတ်ပညာ cognitive-behavioral therapy (CBT) ကိုယုံကြည်ပြီးတော့ ပြောင်းခဲ့တယ်။ အဲအချိန်မှာ သက်သေပြနိုင်တဲ့ အရာတွေနဲ့ပဲ ကိုယ့်စိတ်က ပြောင်းလဲနိုင်မယ်လို့ထင်လို့ Neuroplasticity ကိုသေချာလေ့လာဖြစ်ခဲ့တယ်။ လူတွေက ပြောင်းလဲချင်စိတ် အသေအချာရှိရင် အလုံးစုံပြောင်းနိုင်တယ်ဆိုတာ သိပ်ဟုတ်တယ်။ ဒါက ငြင်းစရာအချက်ကိုမဟုတ်ပဲ ဦးနှောက်ကိုက အဲလိုတည်ဆောက်ထားလို့ဖြစ်တယ်။
လူတွေရဲ့ဦးနှောက်က ရေဗူး ၁ ဗူးလိုပဲ။ အဲရေဗူးထဲက ရေက ဘယ်လောက်မသန့်ပစေ၊ ပုံမှန်ရေကို ဆက်တိုက်ဖြည့်နေရင် ထည့်လိုက်တဲ့ ရေသစ်အတိုင်း ဖြစ်လာမှာပဲ။ ရေသန့်ကိုဆက်တိုက်ဖြည့်နေရင် ရေသန့်ဗူးဖြစ်လာမယ်။ ညစ်ပတ်နေတဲ့ရေတွေဆက်တိုက်ဖြည့်ရင် ရေက နှောက်နေမှာပဲ။ ဒါကြောင့် တကယ်ပြောင်းမယ်လို့စိတ်ကူးထဲက ခေါင်းထဲကို အမှိုက်ဖြစ်စေမဲ့ စကားတွေ မပြောဘူး။ မလိုတာတွေဦးနှောက်ထဲမထည့်ဘူး။ အာရုံနောက်ရမဲ့သူတွေနဲ့ မတွေ့ဘူး။ ဒါတွေပဲလားဆို.. ဒါတွေက ရေဗူးထဲအမှိုက်မထည့်တာပဲရှိသေးတယ်။ သန့်ရှင်းတဲ့ရေတွေထည့်ရသေးတယ်။ ဒီအတွက် ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးတယ်။ အဲအချိန်မှာ ကိုယ်ဘာလုပ်လုပ်စိတ်မပါလွန်းလို့ အိမ်ထဲက အိမ်ပြင်မထွက်တာ ၆ လလောက်ဖြစ်နေခဲ့ပြီ။ ဘယ်ပတ်ဝန်းကျင်မှ ဖန်တီးဖို့ ဆိုတာ မလွယ်နေဘူး။ ဒီအတွက် ကိုယ်ပေးနိုင်တဲ့ knowledge ကို သူများကိုပြန်မျှဝေပြီးတော့ တူရာတူရာ လူတွေစုတယ်။ ဒီအတွက် အကျိုးဆက်တွေက ဒိုးဇက်လေးတွေထောင်ထားပြီး တနေရာလောက်လေးကို တွန်းလိုက်ရင် အရာရာ သူ့လိုလို တဖြေးဖြေးကျလာတာပဲ။
ကောင်းတာတွေလုပ်ဖြစ်၊ ပြောဖြစ်ရင်၊ ကောင်းတာတွေရောက်လာတဲ့ သဘောတရားက ကိုယ့်ရဲ့ စိတ်ရော ကိုယ်ရောကို အမှန်လက်တွေ့ပြလိုက်သလိုပဲ။ တကယ်ပြောင်းချင်တကယ်ဖြစ်တယ်ဆိုတာ မနှစ်က ၁၁ လပိုင်းမှာ ကိုယ့်ရဲ့ စိတ်တံခါးကို တဆင့်မြင့်ပြီးဖွင့်ပေးခဲ့နိုင်တယ်။ ၁၂ လမှာ ၁၂ လလုံး အကုန်ပြောင်းလဲပြီး နေခဲ့တာမဟုတ်ဘူး။ ၁ လနဲ့ ရက်အနည်းငယ်အလိုမှာ ကိုယ်ပြောင်းလဲချင်ခဲ့တာ။ အမှန်တော့ ၂၀၂၃ က တဘဝလုံးမှာ productivity မဖြစ်ဆုံးနှစ်ဖြစ်ပြီး ဘဝရဲ့ အဆိုးဆုံးနှစ် ၁ နှစ်ဖြစ်တယ်။ ဒါပေမဲ့ ၂၀၂၃ ကို နောင်တမရခဲ့ပဲ ကျေးဇူးတင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျန်နေသေးတဲ့ ရက်အနည်းငယ်မှာ ကိုယ့်အတွက်ကိုယ် အာရုံစိုက်လာနိုင်ခဲ့လို့။ အခုဆိုရင် ၂၀၂၄ ပြီးဖို့ ရက်ပေါင်း ၁၂၀ တောင် ကျန်သေးတယ်။ ဒီအချိန်မှာ ကိုယ့်အတွက်ကိုယ်ရင်းနှီးမြှုပ်နှံကြည့်ပါ။ ပြီးခဲ့တဲ့ လတွေကြည့်ပြီး အားမရတာမျိုးမဖြစ်ပဲ နောက်ဆုံးမှာ ငါလုပ်ခဲ့သားပဲလို့ ခံစားမိပြီး ကျေနပ်နေပါလိမ့်မယ်။
Around November of last year, a strong desire to change something in my life emerged, but to be honest, I had no idea where to start or what to do. At the time, I didn’t realize that I was dealing with high-functioning depression. I was also in denial about it. I believed that I could never be someone who suffers from depression and thought that I was doing exceptionally well compared to others during such a difficult period. I saw my feelings as just self-pity rather than acknowledging them as a real issue. In doing so, I deceived myself into thinking everything was fine. In truth, my perspective was clouded by the traits of toxic positivity, preventing me from seeing reality as it was. And as they say, if you can’t see the truth, you can’t correct it. It was only after a significant amount of healing that I realized this.
The reasons why I was able to heal are numerous. There are so many factors involved that I could share if the opportunity arises.
The primary method that brought about this change was cognitive-behavioral therapy (CBT), the only scientifically proven psychological approach I trusted at that time. I believed that my mind could only be changed through evidence-based methods, so I delved deeply into studying neuroplasticity. It’s quite true that when people have a strong desire to change, they can transform entirely. This isn’t just a theory; it’s because our brains are designed that way.
The human brain is like a bottle of water. No matter how impure the water inside is, if you continuously pour in fresh, clean water, eventually, it will become as pure as the water being added. Conversely, if you keep adding dirty water, the contents will just get murkier. That’s why, when I made up my mind to change, I decided to stop feeding my mind with toxic words and thoughts. I refused to put unnecessary things into my brain. I avoided people who would distract me. But that’s only half the battle; I still needed to fill that bottle with clean water. So, I created the environment I desired. At that time, I was so unmotivated that I hadn’t left the house in about six months. Creating a positive environment was no easy task. To do so, I shared the knowledge I could offer with others and gathered like-minded people around me. The results were like setting up dominoes; once you push one, everything slowly falls into place.
Doing and saying positive things has the natural consequence of attracting positive outcomes. This principle became a tangible reality for both my mind and body. The desire to truly change opened a new door for me in November of last year. By December, it wasn’t that my entire life had transformed, but I had become deeply committed to the process. To be honest, 2023 has been the least productive year of my life and the worst year in many ways. However, I don’t regret it; I am grateful for it because, in those few remaining days, I was able to refocus on myself.
Now, there are still 120 days left in 2024. Take this time to invest in yourself. By the end of it, when you look back on the past months, you won’t feel disappointed but rather proud and content with what you’ve accomplished.
